Pages

Monday, March 13, 2017

မတူပီမြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


          အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား
                             ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော်-၁၃-၃-၂၀၁၇

ချင်းပြည်နယ်၊ မတူပီမြို့၊ တောင်တန်း သာသနာပြု ဗဟိုကျောင်းမှ သံဃာတော်များ၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုး ရေး သင်တန်း ကျောင်းနှင့် အိမ်တွင်းမှု သင်တန်းကျောင်း တို့မှ ကျောင်းသား၊ ကျောင်းသူများအား မတ် ၁၁ ရက် နံနက်ပိုင်း တွင်နယ်စပ် ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ခန်းမ၌ အနောက်မြောက် တိုင်းစစ် ဌာနချုပ် နယ်လှည့် ဆေးကုသ ရေးအဖွဲ့က  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက် ပေးရာတွင် သွေးတိုး ရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ၊ အရိုးရောဂါ နှင့် အထွေထွေ ရောဂါ ဝေဒနာရှင် သံဃာတော် ၁၆ ပါး နှင့် ကျောင်းသား၊ ကျောင်း သူ ၉ဝ ဦးကို ရောဂါ ရှာဖွေ စမ်းသပ် ကုသပေး ခြင်းများ ဆောင်ရွက် ပေးပြီး မတူပီ တပ်နယ်မှ တာဝန်ရှိသူ များက ကျောင်းသား၊ ကျောင်းသူ များအတွက် သုတ၊ ရသ စာအုပ် စာစောင်များ ပေးအပ်ခဲ့ ကြောင်း သတင်းရ ရှိသည်။

#Themyawadydaily

No comments:

Post a Comment