Pages

▼

Friday, March 10, 2017

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အား ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ 
ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.POL SAROEUN နှင့်အတူ 
ညစာသုံးဆောင်နေစဉ် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဖျော်ဖြေရေးအဖွဲ့က 
အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေစဉ်


နေပြည်တော် ၊ ၁၀-၃-၂၀၁၇

ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား မတ် ၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.POL SAROEUN က ဖနောင်ပင်မြို့ရှိ Sokha ဟိုတယ် Grand Ball Room ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များအား ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် တပ်မတော် အရာရှိကြီးများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာသူ များနှင့် အတူတကွ ညစာ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ် အတွင်း ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဖျော်ဖြေရေးအဖွဲ့က အဆိုအကများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ညစာသုံးဆောင်ပြီး ချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြသည်။ ထို့နောက်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment