Pages

▼

Friday, January 6, 2017

ဝေးလံခေါင်ဖျားသည့် ချင်းပြည်နယ် နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး


တပ်မတော်မှ ပါရဂူများ ဆေးမှူးများက ဝေးလံခေါင်ဖျားသည့် ချင်းပြည်နယ် နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်




နေပြည်တော် ၊ ၆-၁-၂၀၁၇

ဝေးလံခေါင်ဖျား သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး မြှင့်တင်ပေးရန် အတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများက မြို့နယ်/ တိုက်နယ်ဆေးရုံ များတွင် ၂ဝ၁၆ ခုနှစ်၊ မတ် ၂၃ ရက်မှစတင်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ ၃၁ ရက်အထိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခန္တီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ် အတွင်းရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ ရှစ်ရုံတွင် ဒေသခံ ပြည်သူ ၄၆ ဦးအား လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ တွန်းဇံမြို့နယ်၊ ထန်တလန် မြို့နယ်နှင့် ကျီခါးမြို့နယ် အတွင်းရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ ခုနစ်ရုံတွင် ဒေသခံပြည်သူ ၂၇ ဦးအား လည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ် နှင့် မင်းတပ်မြို့နယ် များရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ လေးရုံ တွင် ဒေသခံပြည်သူ ၃၆ ဦးတို့အား လည်းကောင်း၊ နန်းယွန်းမြို့၊ ပန်ဆောင်မြို့နှင့် ဒုံဟီးမြို့နယ် အတွင်းရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ သုံးရုံတွင် ဒေသခံပြည်သူ ၄၈၃ ဦး အားလည်းကောင်း၊ စုစုပေါင်း ၅၉၂ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

အဆိုပါ ဝေးလံခေါင်ဖျား ဒေသများရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ များတွင် တပ်မတော် ပါရဂူများ၊ ဆေးမှူးများသည် ၂ဝ၁၆ ခုနှစ်၊ မတ် ၂၃ ရက်မှစတင်၍ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ၂ဝ၁၆ ခုနှစ်၊  ဒီဇင်ဘာ ၃၁ ရက်အထိ ဒေသခံပြည်သူ ၇၈၄၆၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူ များ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆက်လက်ကုသ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment