Pages

▼

Thursday, January 12, 2017

မြန်မာနိုင်ငံအခြေပြု နိုင်ငံတကာသံတမန်များ အဖွဲ့ မောင်တောဒေသအတွင်း ကွင်းဆင်းလေ့လာ


မြန်မာနိုင်ငံအခြေပြု နိုင်ငံတကာသံတမန်များ အဖွဲ့ မောင်တောမြို့မဈေးအတွင်း 
လှည့်လည်ကြည့်ရှု လေ့လာစဉ်

နေပြည်တော် ၊ ၁၂-၁-၂၀၁၇

အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျသံရုံး နှင့် ECHO တို့မှ သံတမန်များ ပါဝင်သည့် မြန်မာနိုင်ငံ အခြေပြု နိုင်ငံတကာ သံတမန်များ အဖွဲ့သည် မောင်တော မြို့နယ် အတွင်းရှိ ကျေးရွာများ၊ မီးလောင် နေရာများ၊ ကျေးလက် ဆေးပေးခန်းများ သို့ ယမန်နေ့က သွားရောက်ပြီး စီးပွားရေး၊ လူမှုရေး နှင့် လုံခြုံရေးအ ခြေအနေများကို ကွင်းဆင်းကြည့်ရှု လေ့လာ မေးမြန်းကြသည်။

သံတမန်များ အဖွဲ့သည် နံနက်ပိုင်းတွင် ကျီးကန်းပြင် ကျေးရွာအုပ်စု ဝါးပိတ်ကျေးရွာရှိ မီးလောင်မြေ နေရာများနှင့် ဒါးကြီးဇားကျေးရွာရှိ မီးလောင်မြေနေရာများ ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် မောင်တော မြို့မဈေး အားလည်းကောင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။

ယင်းနောက် သံတမန်များ အဖွဲ့သည် ညောင်ချောင်းကျေးရွာ အုပ်စု ရွှေရင်အေး ကျေးရွာရှိ ကျေးလက် ကျန်းမာရေး ဆေးခန်းနှင့် အလယ်သံကျော် ကျေးရွာအုပ်စုရှိ ကျေးလက် ကျန်းမာရေး ဆေးခန်းများသို့ သွားရောက်ပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လူနာ ရောက်ရှိမှု အခြေအနေ၊ အဖြစ်များသည့် ရောဂါများ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ တို့အား မေးမြန်းဆွေးနွေး ကြသည်။

ထို့နောက် သံတမန်များ အဖွဲ့သည် ဂေါ်ဒူသာရ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး သို့သွားရောက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာသား အချို့အား တွေ့ဆုံ၍ စီးပွားရေး၊ လူမှုရေး အခြေအနေနှင့် လုံခြုံရေး အခြေအနေ များကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment