Pages

Sunday, October 16, 2016

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး တို့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်



နေပြည်တော် ၊ ၁၆-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်း များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်၌ လိပ်အိုင် ကျေးရွာ သို့ ရောက်ရှိ ရှင်းလင်းစဉ် ကျေးရွာအတွင်းမှ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အမျိုးသား တစ်ဦးက လုံခြုံရေး ဆောင်ရွက် နေသည့် ရဲတပ်ကြပ် သောင်းညို အား အရိုး၊ အသွား ၄ ပေခွဲခန့်ရှိ ဓားရှည်ဖြင့် လည်းကောင်း၊ ရဲတပ်သား ထက်ဇော်ဦး နှင့် ရဲတပ်သား ခင်စိုး တို့အား အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အမျိုးသမီး နှစ်ဦးတို့က အရိုး၊အသွား ၂ ပေခွဲခန့်ရှိ ဓားချွန်ဖြင့် ထိုး၍ ထွက်ပြေးစဉ် လုံခြုံရေး အဖွဲ့များက ပစ်ခတ် ဖမ်းဆီးခဲ့သဖြင့် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း သုံးဦးတို့အား အသေဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် ဓားဖြင့် ခုတ်ခံရသော ရဲတပ်ဖွဲ့ဝင် သုံးဦးမှာ ရှောင်တိမ်းခဲ့ သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment