Pages

Monday, October 17, 2016

ဘူးသီးတောင်-မောင်တောဒေသရှိ ဒေသခံပြည်သူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း


ဘူးသီတောင်-မောင်တော ဒေသများသို့ စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးစဉ်


နေပြည်တော် ၊ ၁၇-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တော ဒေသရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ များအတွက် စေတနာရှင် ပြည်သူများက စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းရာ ယမန်နေ့တွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့ သို့ အမြန်ယာဉ်ဖြင့် ပို့ဆောင်ပေးသည်။

စေတနာရှင် ပြည်သူများမှ မာမီးခေါက်ဆွဲ ၆၉ တွဲ၊ မစ်ထရာ (စားဆီ) ၄၃ ဖာ၊ ကုလားပဲ ၁ဝ ပိဿာ (၃ဝ အိတ်)၊ ငါးနီတူ ငါးပိဿာ (၂၁ အိတ်)၊ ကော်ဖီမစ် တစ်ဖာနှင့် အထွေထွေ အသုံးအဆောင် ပစ္စည်း ၁၅ အိတ်တို့ကိုလှူဒါန်းခဲ့ပြီး အဆိုပါ စားသောက်ဖွယ်ရာ များကို ဘူးသီးတောင်-မောင်တော ဒေသရှိ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ ထံသို့ ဆက်လက်ပေးပို့ သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment