Pages

Thursday, October 20, 2016

စစ်သည်တစ်ဦးအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူနှစ်ဦးက ဓားဖြင့်ဝင်ရောက် တိုက်ခိုက်သဖြင့် ပစ်ခတ်ရှင်းလင်း



နေပြည်တော် ၊ ၂၀-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ယမန်နေ့ နံနက် ၁၁ နာရီခွဲ ခန့်တွင် ကျားခေါင်းတောင် ကျေးရွာ အရှေ့ တောင်ဘက် မီတာ ၈ဝဝ အကွာခန့်ရှိ တောင်ကုန်းသို့ အရောက် သစ်ပင်၏ အနောက်ဘက် တွင် ပုန်းအောင်း နေသည့် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ နှစ်ဦးက အရိုး ၁ဝ လက်မ၊ အသွား ၁၂ လက်မရှိ ဓားဖြင့် တပ်မတော် စစ်ကြောင်းမှ စစ်သည် တစ်ဦးအား ရုတ်တရက် ဝင်ရောက် တိုက်ခိုက် ရန် ပြေးဝင်လာရာ ရပ်တန့်ရန် အော်ဟစ် တားမြစ်သော်လည်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်ပြေးဝင် လာ၍ သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ရှင်းလင်း ခဲ့ရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ နှစ်ဦးအနက် မလာဒီမာမွတ်(ဘ) ဆော်ကီအာပတ် ဆိုသူမှာ ကျည်ထိမှန် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ မြောက်ဘက် တောင်ကြော အတိုင်း ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment