Pages

Friday, July 22, 2016

ချောင်းသာကမ်းခြေ ပြန်လည်ထိန်းသိမ်းရေး ပညာရှင်များနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်သွားမည်



ပုသိမ် ၊ ၂၂-၇-၂၀၁၆

သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ ရှိလာသည့် ချောင်းသာ ကမ်းခြေအား သက်ဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်း၍ ပြန်လည် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေး ဆောင်ရွက်  သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ဒေသခံများ၊ ဟိုတယ် လုပ်ငန်းရှင် များနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ချောင်းသာ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း တွဲဖက် အတွင်းရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

''ဒီဆွေးနွေးပွဲကို သြဂုတ်လ အတွင်းမှာ သုံးရက်ကြာ ပြုလုပ်မှာပါ။ လုပ်မယ့်ရက် ကိုတော့ အတိအကျ မပြောနိုင် သေးပါဘူး။ အဓိက ကတော့ ကမ်းခြေမှာ အမှိုက်စွန့်ပစ် တာတွေနဲ့ ဒီရေတော ပျက်စီးရတဲ့ အခြေအနေ တွေကို ဆွေးနွေ သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် မိုးရာသီ ကာလဖြစ်၍ ချောင်းသာ ကမ်းခြေသို့ လာရောက် အပန်းဖြေသူ နည်းပါးနေပြီး ပွင့်လင်းရာသီ ရောက်မှသာ လာရောက် လည်ပတ်သူ ပြန်လည် များပြားလာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲမှ ရရှိလာမည့် ရလဒ်များကို ချောင်းသာ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန သို့ တင်ပြပြီး လက်တွေ့ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment