Pages

Friday, July 22, 2016

ဘူဂေးရီးယားကမ်းခြေတွင် ရေထုညစ်ညမ်းမှု များကြောင့် လင်းပိုင်များ စံချိန်တင် သေဆုံးမှု ဖြစ်ပွား



ဆိုဖီယာ ၊ ၂၂-၇-၂၀၁၆

ဘူဂေးရီးယား ကမ်းခြေတွင် ရေထု ညစ်ညမ်းမှု များကြောင့် လင်းပိုင် အကောင်ရေ ၁၀၈ ကောင်အထိ သေဆုံးမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ သေဆုံးမှုမှာ ကမ္ဘာ့စံချိန်တင် သေဆုံးမှု တစ်ရပ် ဖြစ်ကြောင်း Reuter သတင်းဌာနက ဇူလိုင် ၂၁ ရက်တွင် ရေးသားဖော်ပြ သွားခဲ့သည်။

ဘူဂေးရီးယား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး အီဗီလီနာက - “လင်းပိုင်တွေ စံချိန်တင် သေဆုံးမှု ဖြစ်ခဲ့ပါတယ်၊ အကြမ်းဖျင်း ခန့်မှန်းချက် ကတော့ လင်းပိုင်တွေ သေဆုံးမှုဟာ ရေထု ညစ်ညမ်းမှု ကြောင့်လို့ သိရတယ်၊ ဒါပေမယ့်လည်း ဓာတ်ခွဲခန်းမှာ စမ်းသပ်ပြီးမှပဲ အသေးစိတ် ထုတ်ပြန် ပေးသွားမယ်၊ လင်းပိုင်တွေဟာ တစ်နေရာ တည်းမှာ သေဆုံးခဲ့ခြင်းမျိုး မဟုတ်ပါဘူး၊ ဘူဂေရီးယားရဲ့ Black Sea ဘက်ခြမ်းမှာ ၇၇ ကောင် သေဆုံးပြီး၊ အလယ်ပိုင်း ဒေသမှာ ရှိတဲ့ ကမ်းခြေတွေ မှာလည်း တစ်နေရာ နည်းနည်းနဲ့ နေရာအနှံ့ သေဆုံးခဲ့ပါတယ်၊ စုစုပေါင်း သေဆုံးသွားတဲ့ အကောင်ရေ ကတော့ ၁၀၈ ကောင်အထိ ရှိပါတယ်၊ ဒါဟာ ကမ္ဘာ့စံချိန်တင် သေဆုံးမှုပါပဲ” ဟု ထုတ်ပြန် သွားခဲ့သည်။ 

ဘူဂေရီးယား နိုင်ငံတွင် လင်းပိုင်များ မကြာခဏ သေဆုံးခဲ့ကြပြီး ၂၀၁၂ ခုနှစ်တွင်လည်း ၇၄ ကောင်အထိ သေဆုံးခဲ့ပြီး၊ ယမန်နှစ် ကလည်း ၅၂ ကောင် သေဆုံးခဲ့သည်။ ယခုနှစ် သေဆုံးမှုမှာမူ ယခင်နှစ်ထက် ၅၆ ကောင် ပို၍ သေဆုံးခဲ့ကြောင်း သိရသည်။ 

ဘူဂေးရီးယား နိုင်ငံအနေဖြင့် သဘာဝ ဘေးအန္တရာယ် ကြောင့် သေဆုံးခဲ့ခြင်း ဟုတ်-မဟုတ်၊ လူသားတို့ကြောင့် သေဆုံးခဲ့ခြင်းလား ဆိုသည်ကို အတိအကျ စစ်ဆေးဖော်ထုတ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သွား ခဲ့သည်။ 

ဘူဂေးရီးယားနိုင်ငံ တွင် လင်းပိုင် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စည်းကမ်းများ တင်းကြပ်စွာ ထုတ်ထားပြီး ဖြစ်သလို၊ လင်းပိုင် တစ်ကောင်အား သတ်ဖြတ်လျှင် ဒဏ်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၁၂၇၀ သတ်မှတ်ထားပြီး၊ ထောင်ဒဏ် ငါးနှစ်အထိ သတ်မှတ်နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment