Pages

Tuesday, May 10, 2016

ထိုင်းဘုရင့်ရေတပ်မှ ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့ မှ ပြန်လည်ထွက်ခွာ


ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် H.T.M.S Pattani OPV သီလ၀ါဆိပ်ကမ်း MITT တံတားမှ ပြန်လည် ထွက်ခွာစဉ်

နေပြည်တော် ၊ ၁၀-၅-၂၀၁၆

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် H.T.M.S Pattani OPV သည် ချစ်ကြည်ရေး ခရီးစဉ် ပြီးဆုံး၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတားမှ ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ )မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူး တို့က ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ် ပေါ်ပါ အရာရှိ၊ စစ်သည်များသည် မြန်မာနိုင်ငံတွင် မေ ၃ ရက်မှ ၉ ရက်အထိ တစ်ပတ်ကြာ နေထိုင်၍ မြိတ်မြို့၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့သို့ သွားရောက် လေ့လာ လည်ပတ်ခဲ့ကြောင်း သတင်း ရရှိသည်။ 

(၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment