Pages

▼

Tuesday, May 17, 2016

အိမ်အလုပ်များကို ပို၍ ထိရောက်စွာလုပ်ကိုင်နိုင်ရန် အလိုအလျှောက် အလုပ်လုပ်သော စက်ရုပ်များဖြင့် စေခိုင်းနိုင်မည်



ဝါရှင်တန် ၊ ၁၇-၅-၂၀၁၆

မိမိတို့ နေ့စဉ် လုပ်ဆောင်ရသည့် အိမ်အလုပ် များကို အချိန်တိုတိုနှင့် ပို၍ ထိရောက်စွာ လုပ်ကိုင်နိုင်ရန် စက်ပစ္စည်း များကို အသုံးပြုနိုင်ပြီ ဖြစ်၍ ယခုအခါ စက်ရုပ် နည်းပညာများ စတင်ထွန်းကား လာပြီဖြစ်ရာ အနာဂတ်တွင် အလိုအလျှောက် အလုပ်လုပ်သော စက်ရုပ်များဖြင့် နေအိမ် သန့်ရှင်းရေးကို စေခိုင်းလုပ်ကိုင် စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးပေါ် သန့်ရှင်းရေး လုပ်ငန်းသုံး စက်ရုပ်များသည် စိတ်ဝင်စားဖွယ် ကောင်း၍ ထိရောက်မှု လည်းရှိကာ အမေရိကန် ဒေါ်လာ ၂ဝဝ ခန့်ဈေး နှုန်းရှိသည့် iRobot Braava Jet သည် ရေရှိသည့် နေရာများ၊ အနည်းငယ် စိုစွတ်နေသော ကော်ဇောများ၊ ခြောက်သွေ့သည့် နေရာများကို ခွဲခြားသိရှိ နိုင်သည့် နည်းပညာ ပါဝင်၍ ကော်ဇော ရှင်းလင်းမှုများ ပြုလုပ်ရာတွင် အသုံးဝင်သည်။

အလွယ်တကူ သယ်ဆောင် သွားနိုင်သော Clean Wave ဖုန်စုပ်စက်သည် ဖုန်စုပ်သည့် စနစ်အပြင် ပိုးမွှားများ သတ်သည့် စနစ်လည်း ပါဝင်သည်။ Clean Wave တွင် ပါဝင်သည့် ထူးခြားသော နည်းပညာမှာ ပိုးမွှားများ၊ ဗက်တီးရီးယား များနှင့် ကူးစက်ရောဂါများ ဖြစ်ပေါ်စေသည့် အင်းဆက်ပိုးမွှား များကို နှိမ်နှင်းနိုင်သည့် နည်းပညာ ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment