Pages

Monday, February 15, 2016

ခြင်းလုံးနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲဝင်မည့် အသင်းများရောက်ရှိ



မန္တလေး ၊ ၁၅-၂-၂၀၁၆

2nd ASIAN Chinlone Championship & Sepaktaraw Friendly Match 2016 Myanmar ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ဝေရောစန ကျောက်စိမ်းစေတီ အနီးရှိ ခြင်းလုံး နှင့် ပိုက်ကျော်ခြင်း အားကစားရုံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်နိုင်ငံ ၁၃ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ် (တံတားဦး)သို့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နှင့် မလေးရှားနိုင်ငံ တို့မှ အသင်းများ ရောက်ရှိလာရာ ကြိုဆိုရေးနှင့် နေရာချထားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ညွန်ကြားရေးမှူး ဦးမျိုးမြင့်အောင် နှင့် တာဝန်ရှိ သူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်၍ တည်းခိုမည့် ဟိုတယ်သို့ လိုက်ပါပို့ဆောင် ကြသည်။

ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ၁ ၃ နိုင်ငံမှ အသင်းများသည် မန္တလေးမြို့ WILSON Hotel တွင် တည်းခိုနေထိုင် ကြမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment