Pages

▼

Monday, January 25, 2016

နမ့်ဆန်မြို့ တွင်းသို့ TNLA အဖွဲ့မှ နှောင့်ယှက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦးဒဏ်ရာရရှိ



နေပြည်တော် ၊ ၂၅-၁-၂ဝ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့တွင်းသို့ ဇန်နဝါရီ ၂၂ ရက် ည ၁၂ နာရီခွဲခန့်တွင် TNLA အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက် ပစ်ခတ်ရာ နယ်မြေခံ တပ်မတော်သား များ၏ ပြန်လည် ပစ်ခတ်မှုကြောင့် မြောက်ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

TNLA အဖွဲ့မှ မြို့တွင်းသို့ ပစ်ခတ်ခဲ့မှုကြောင့် နမ့်ဆန်မြို့တွင် နေထိုင်သူများ ဖြစ်ကြသော ဦးစည်သူရိန်း ၂၆ နှစ်(ဘ) ဦးမြင့်ဦး၊ ဒေါ်မျိုး ၂၃ နှစ်(ဘ) ဦးမြင့်သိန်း၊ မောင်စိုင်းဇင်မင်းသန့် ၁၂ နှစ်နှင့် မောင်ဝေမင်းသန့် ၇ နှစ်(ဘ) ဦးဖုန်းနိုင်ဝင်း တို့သည် ဗုံးသီးစများ ထိမှန်၍ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။

ထိုသို့ TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် နမ့်ဆန်မြို့မှ ပြည်သူများကို လားရှိုးမြို့၊ ပြည်သူ့ ဆေးရုံကြီး သို့ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိပြီး ယမန်နေ့ နေ့လယ်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖုန်းမြတ် နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားကာ လက်ဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment