Pages

Tuesday, October 13, 2015

ပုပ္ပါးတောင်သို့ လစဉ် နိုင်ငံခြားခရီးသွားဧည့်သည့် ထောင်ကျော် လာရောက်လေ့လာ



ရန်ကုန် ၊ ၁၃-၁၀-၂၀၁၅

ပုပ္ပါး တောင်ကလပ်သို့ လစဉ် နိုင်ငံခြား ခရီးသွားဧည့်သည် ၁ဝဝဝ ကျော် လာရောက် လေ့လာကြပြီး ဆောင်းရာသီတွင် လာရောက် လေ့လာသူ များပြားကြောင်း သိရသည်။

ပုပ္ပါး တောင်ကလပ်သို့ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံ တို့မှ လာရောက် လေ့လာမှု များပြားပြီး ယခုနှစ်အတွင်း ခရီးသွား ဧည့်သည်များ အနေဖြင့် ဘုရားဖူးရုံ သာမက ပွဲတော်များနှင့် သဘာဝ ပတ်ဝန်းကျင်ကိုပါ လာရောက် လေ့လာကြကြောင်း သိရသည်။

ပုပ္ပါးတောင်သည် မိုးခေါင်သည့် အညာဒေသတွင် ရှိသော်လည်း အမြဲစိမ်းလန်း စိုပြည်ပြီး ပုပ္ပားတောင်မကြီး မှ သဘာဝ အလျောက် စီးဆင်းလျက် ရှိသော စိမ့်စမ်းရေများ ထွက်ရှိသည်။ 

ပုပ္ပါးတောင် ဒေသကို ၁၉၅၄-၁၉၅၅ ခုနှစ်တွင် ထိန်းသိမ်း ကန့်သတ်နယ်မြေ အဖြစ် လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် ပုပ္ပားတောင် ဥယျာဉ် စီမံကိန်းကို လည်းကောင်း၊ ၁၉၈၈- ၂ဝဝဝ ပြည့်နှစ် များတွင် မြန်မာ- ဂျပန် ချစ်ကြည်ရေး လုပ်ငန်းအဖြစ် Afforestation Project ကို လုပ်ဆောင်ခဲ့သည်။

ပုပ္ပါးတောင် ဒေသ၌ တောရိုင်း တိရစ္ဆာန် အမျိုးပေါင်း ၁၃၀ ကျော် နှင့် လိပ်ပြာ အမျိုးပေါင်း ၁ဝဝ ကျော်ရှိသည့် အတွက် နှစ်စဉ် ပြည်တွင်းပြည်ပ မှ ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု များပြားကြောင်း သိရသည်။

ကောင်းစစ်နိုင် 

မြ၀တီနေ့စဉ် ၊ စာ(၂၆)

#Themyawadydaily

No comments:

Post a Comment