Pages

▼

Tuesday, September 8, 2015

ရတနာပုံတက္ကသိုလ်သင်ကြားရေးဇုန်အတွင်းသို့ ဝင်ရောက်လာသည့်မော်တော်ယာဉ်များကို အရေးယူမှုများစတင်ပြုလုပ်မည်



မန္တလေး ၊ ၈-၉-၂၀၁၅

ရတနာပုံတက္ကသိုလ် သင်ကြားရေးဇုန် အတွင်းသို့ ဝင်ရောက် လာသည့် မော်တော်ယာဉ် များကို အရေးယူမှုများ စတင်ပြုလုပ်မည် ဖြစ်ကြောင်း ရတနာပုံ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးအောင်အောင်မင်း က ပြောပြသည်။

အဆိုပါ ရတနာပုံ တက္ကသိုလ်သည် မြေဧရိယာ အကျယ်အဝန်း အနေဖြင့် ၈၃ ဒသမ ၂၆ ဧက ကျယ်ဝန်းပြီး ၄င်း တက္ကသိုလ်တွင် စာသင်ခန်းပေါင်း ၄၁၁ ခန်းရှိကာ ဌာနခန်းနှင့် စာကြည့်တိုက် အခန်းများမှာ ၉၃ ခန်းရှိကြောင်း ၄င်းက ပြောပြသည်။

''ရတနာပုံ တက္ကသိုလ်ဝင်း အတွင်းမှာပဲ ယာဉ်ရပ်နားဖို့ နေရာတွေကို သတ်မှတ်ပေးထား ပါတယ်။ ဒါပေမဲ့ ကျောင်းသား၊ ကျောင်းသူ တချို့ကတော့ သင်ကြားရေးဇုန် နယ်မြေအတွင်း ကိုပါ ဝင်ရောက်မှုတွေ ရှိပါတယ်။ဒီလိုဝင်ရောက် လာတဲ့ မော်တော်ယာဉ် တွေကို မကြာမီ အချိန်မှာ ဖြေဆိုမယ့် စာမေးပွဲအတွင်းမှာ စတင်ဖမ်းဆီး အရေးယူ သွားဖို့ ရှိပါတယ်။ အရင်တုန်းကထက် စာရင်တော့သင် ကြားရေးဇုန် အတွင်းကို ဝင် ရောက်တာ အနည်းငယ် လျော့ကျ လာပြီးတော့ ကျောင်းသား ၊ ကျောင်းသူတွေလဲ စည်းကမ်း လိုက်နာမှုတွေ ရှိလာကြ ပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ တက္ကသိုလ် အတွင်းရှိ သင်ကြားရေးဇုန် အတွင်းသို့ မော်တော်ယာဉ်များ ဝင်ရောက်ပြီး ဆူဆူညံညံ အသံများ ဖြစ်ပေါ်ခြင်း ကြောင့် စာသင်ကြား နေသည့် ကျောင်းသား၊ ကျောင်းသူများ နှင့်ဆရာ၊ဆရာမများ အတွက် စိတ်အနှောင့် အယှက်ဖြစ်စေပြီး သင်ကြားမှု အပိုင်းကို ထိခိုက် စေနိုင်ကြောင်း သိရသည်။

''အဲဒီလို ဝင်ရောက်မှု တွေရှိတာကို တွေ့ခဲ့ရင် ကျောင်းသား ရေးရာ စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူမှုတွေ ပြုလုပ်သွားမှာပါ။ ယာဉ်ရပ်နားဖို့ နေရာတွေကိုလဲ သတ်မှတ် ပေးထားပါတယ်။ဒီလိုသတ်မှတ် ပေးထားတာကိုမှ သင်ကြားရေးဇုန် အတွင်းကို ဝင်ရောက်လို့ မိခဲ့ရင် ကျောင်းသား၊ ကျောင်းသူ တွေရဲ့မိဘ တွေကို ခေါ်ယူသတိ ပေးမှုတွေ ပြုလုပ်ပြီး ပါမောက္ခ၊ ဌာနမှူးတွေနဲ့ ဝန်ခံကတိ လက်မှတ်ထိုးခိုင်း သွားမှာပါ'' ဟု ရတနာပုံ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦး အောင်အောင်မင်း က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂)

#Yadanarpondaily

No comments:

Post a Comment