Pages

Friday, July 17, 2015

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေဖြင့် အနည်းဆုံးလုပ်ခလစာ အတည်ပြုပြီးနောက် အလုပ်လက်မဲ့ ဖြစ်လာနိုင်သည့် လုပ်သားများ အတွက် အလုပ်နေရာများ ချိတ်ဆက်ပေးထား



ရန်ကုန် ၊ ၁၇-၇-၂၀၁၅

အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေဖြင့် အနည်းဆုံး လုပ်ခလစာ အတည်ပြု ပြီးနောက် အလုပ်လက်မဲ့ ဖြစ်လာနိုင်သည့် လုပ်သားများ အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အလုပ်သမား ဦးစီးဌာနများ၌ လုပ်သား လိုအပ်နေသော စက်ရုံများတွင် ဆက်လက် လုပ်ကိုင် နိုင်စေရန် ချိတ်ဆက်ပြင်ဆင် ပေးထားကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ပြောသည်။

''အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပြီး သွားရင် မပေးနိုင်တဲ့ အလုပ်ရှင် တချို့က အလုပ် ပိတ်သိမ်းမှုတွေ လုပ်မှာပါ။ ဒါပေမဲ့ ပိတ်သိမ်းတဲ့ အခါကျရင် ဥပဒေ လုပ်ထုံးလုပ်နည်း အရ ပိတ်ရမှာပေါ့။ စက်ရုံတွေ ပိတ်လိုက်လို့ အလုပ်လက်မဲ့ ဖြစ်လာမယ့် လုပ်သားတွေ ရှိလာနိုင်တဲ့ အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရှိတဲ့ အလုပ်သမား ဦးစီးဌာန တွေကို လုပ်သား လိုအပ်ချက် စာရင်းတွေ ကောက်ထား ပါတယ်။ တကယ် ဖြစ်လာခဲ့ရင် အလုပ်ချိတ်ဆက် ပေးဖို့ ပြင်ဆင်ထား ပါတယ် .. '' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် အနေဖြင့် လုပ်သား ၁၅ ဦးထက်ပိုသော မည်သည့် လုပ်ငန်းတွင် မဆို လုပ်သားတစ်ဦး တစ်ရက် အလုပ်ချိန် ရှစ်နာရီလျှင် လုပ်အားခ ငွေကျပ် ၃၆ဝဝ ပေးရမည်ဟု ဇွန် ၂၉ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပြီး ၁၄ ရက်အတွင်း ကန့်ကွက် အကြံပေးမှု ပြုလုပ်နိုင်ကာ ၄၄ ရက်အတွင်း အစိုးရ အဖွဲ့မှ တရားဝင် သတ်မှတ် ပေးရမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ အနေဖြင့် အဆိုပြု ထားသည့် နှုန်းထား ငွေကျပ် ၃၆ဝဝ အပြင် ခရီးစရိတ်၊ နေထိုင်စရိတ် နှင့် လုပ်ငန်းခွင် ပညာ သင်ကြားခွင့်များ ပေးမည် ဆိုပါက လက်ခံရန် ဆန္ဒရှိကြောင်း သိရသည်။ အထည်ချုပ် လုပ်ငန်း များနှင့် တခြားလုပ်ငန်း အနည်းစုမှ သတ်မှတ်  ထားသော အနည်းဆုံး လုပ်ခလစာနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ပြုလုပ်နေပြီး အဆိုပါ နှုန်းထားကို အတည်ပြု သတ်မှတ်ပါက စက်ရုံ ပိတ်သိမ်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သကဲ့သို့ လုပ်ငန်းတချို့ မှာလည်း အနည်းဆုံး အခကြေး ငွေအား အလုပ် အမျိုးအစား အလိုက် သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။

ချမ်းချမ်းကို

#Themyawadydaily

No comments:

Post a Comment