Pages

Monday, January 19, 2015

ILO အကူအညီဖြင့် လုပ်ငန်းခွင် ၀င်ရောက်မှု စစ်တမ်းများ ကောက်ယူ



ရန်ကုန် ၊ ၁၉-၁-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် (၃)ရပ်ကွက်၌ အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) ၏ အကူအညီဖြင့် ကလေး အလုပ်သမား များနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်းကို အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်မိုးမိုးလတ် နှင့် (Erunerator) စာရင်းကောက် ဝန်ထမ်း ကိုးဦး ပါဝင်သော (Labour Statistics) အလုပ်အကိုင် ဆိုင်ရာ အလုပ်သမား ရေးရာ စာရင်းအင်းအဖွဲ့ (၂၇) သည် ယမန်နေ့ နံနက် ၁ဝ နာရီက လက်တွေ့ ကွင်းဆင်း စစ်တမ်း ကောက်ယူမှု လုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ ဗဟို စာရင်းအင်းအဖွဲ့၊ ပြည်သူ့အင်အား ဦးစီးဌာန၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ၂ဝ၁၄ ခုနှစ်က
ကောက်ယူခဲ့သော ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်းအရ နိုင်ငံတော်ရှိ လုပ်သား အင်အားများကို အခြေခံကာ အသက်အရွယ် အပိုင်းအခြား၊ အဓိက အလုပ်အကိုင် အမျိုးအစား၊ အခြားလုပ်ငန်း အမျိုးအစား၊ ကျောင်းမနေ တော့ဘဲ တစ်ဝက်တစ်ပျက် အလုပ်လက်မဲ့ နှင့် ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင် အလုပ်သမား များ၏ ဝင်ငွေ၊ အလုပ်ချိန်၊ သမားရိုးကျ မဟုတ်သော အလုပ်အကိုင် အခြေအနေ များကို စာရင်းစစ်တမ်း ရရှိရန် ဖြစ်ကြောင်း သိရသည်။

ယင်း ကိန်းဂဏန်း အချက်အလက်များ သိရှိပါက မြန်မာနိုင်ငံ၏ လုပ်သား ဈေးကွက် အခြေအနေတွင် အနာဂတ် အတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို အထောက် အကူပြု စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်တမ်း ကောက်ယူခြင်း လုပ်ငန်းစဉ် တစ်ရပ်အဖြစ် မှတ်ယူကာ မိမိတို့ စာရင်းကောက် ဝန်ထမ်းများ ကြိုးစား ဆောင်ရွက် နေကြသကဲ့သို့ မိဘပြည်သူ များမှလည်း ပူးပေါင်း ကူညီမှုများ ပေးစေလိုကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။(၂၂၆)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment