Pages

Monday, January 19, 2015

ရန်ကုန်တက္ကသိုလ်၌ ဝိဇ္ဇာဘွဲ့ပေးအပ်မည့် လူမှုဗေဒ ဘာသာရပ်သစ် တိုးချဲ့ ရန် ဆရာများကို ပညာတော်သင် စေလွှတ်


ဟန်ဂေရီ နိုင်ငံရှိ Central European University

ရန်ကုန် ၊ ၁၉-၁-၂ဝ၁၅

ရန်ကုန် တက္ကသိုလ်၌ ဝိဇ္ဇာဘွဲ့ ပေးအပ်မည့် လူမှုဗေဒ ဘာသာရပ်သစ် တိုးချဲ့ သင်ကြားပေးရန် ဆရာ၊ ဆရာမများကို ဟန်ဂေရီ Central European University သို့ စေလွှတ်ပြီး လေ့ကျင့် သင်ကြား ပေးနေကြောင်း ရန်ကုန် တက္ကသိုလ် မနုဿဗေဒ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လူမှုဗေဒ ဘာသာရပ်သစ် ကို ဝိဇ္ဇာဘွဲ့ ပေးအပ်ကာ သင်ကြားနိုင်ရေး အမေရိကန် နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ တို့မှ ပညာရှင် များက ရန်ကုန်တက္ကသိုလ် ၌ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း ဆွေးနွေးပွဲ တစ်ခု ပြုလုပ် ခဲ့ပြီးနောက် မနုဿဗေဒ နှင့် စိတ်ပညာ ဌာနမှ ဆရာ ငါးဦးကို ဟန်ဂေရီ နိုင်ငံသို့ စေလွှတ်ကာ လေ့ကျင့် သင်ကြား ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''အရင်ဆုံး ဆရာတွေကို လေ့ကျင့်ပေးမယ်။ အခု ဟန်ဂေရီနိုင်ငံ ကို စေလွှတ်ပြီး လေ့ကျင့် နေပါတယ်။ အဆင်ပြေပြီ ဆိုရင် ဖွင့်လှစ်မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့အပြင် လူမှုဗေဒ ဘာသာရပ်သစ် တွင် ဝိဇ္ဇာတန်း၊ မဟာတန်း၊ မဟာ သုတေသန တန်း၊ ပါရဂူတန်း အထိ ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း၊ လက်ရှိတွင် ယင်း ဘာသာရပ် တိုးချဲ့ရန် Resource Person များ ရှာဖွေ နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ရန်ကုန် တက္ကသိုလ် ၌ ပြုလုပ်ခဲ့သည့် သုံးပတ်ကြာ သင်တန်းတွင် ဒဂုံတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် နှင့် မန္တလေး ရတနာပုံ တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၁၄ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၇၇ ဦးတို့ကို သင်ရိုးညွှန်းတမ်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment