Pages

Wednesday, October 29, 2014

အင်းလေးဟိုတယ်ဇုန် မြေနေရာ၌ လုပ်ကိုင်ခွင့် ရရှိထားသည့် ဟိုတယ်လုပ်ငန်းရှင်များ ပွင့်လင်းရာသီအမီ အဆောက်အအုံ ဆောက်လုပ်နိုင်



ရန်ကုန် ၊ ၂၉-၁၀-၂၀၁၄

ရှမ်းပြည်နယ် အင်းလေးဒေသ ၌ ဟိုတယ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက လာစေရန် အင်းလေး ဟိုတယ်ဇုန်ကို တည်ဆောက် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ရာ အဆိုပါ နေရာများ၌ လုပ်ကိုင်ခွင့် ရရှိထားသည့် ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ပွင့်လင်းရာသီ အမီ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးကော် မတီမှ သိရသည်။

အင်းလေး ဟိုတယ်ဇုန်ကို ရှမ်းပြည်နယ် ရှိ ညောင်ရွှေမြို့နယ် အင်းလေးကန် အရှေ့ဘက် ခြမ်းရှိ မြေအကျယ် ၆၂၂ ဧက တွင် မြေကွက် အမျိုးအစား အလိုက် A ဇုန်၊ B ဇုန် ၊ C ဇုန် အဖြစ် ဖော်ထုတ်ပြီး ဟိုတယ် တည်ဆောက်ရန် မြေကွက် လျှောက်ထား သူများကို မဲစနစ်ဖြင့် နေရာချထား ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အင်းလေး ဟိုတယ်ဇုန် တည်ဆောက် အကောင် အထည်ဖော် ရာတွင် အခြေခံ လိုအပ်သည့် လမ်းတံတား နှင့် လျှပ်စစ်မီး ရရှိရေး လုပ်ငန်းများကို ရာနှုန်းပြည့် ရရှိ နိုင်စေရန် အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးကော်မတီ မှ ဆောင်ရွက်ပေး ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စက်လှေဆိပ် တည်ဆောက်ရေး နှင့် ဆက်သွယ်ရေး ကွန်ရက် လုပ်ငန်းများ ကိုလည်း လက်ရှိ အချိန်တွင် ဆက်လက် အကောင် အထည်ဖော် လုပ်ဆောင် ပေးလျက် ရှိသည်။

ဟိုတယ် ဆောက်လုပ်ရန် ငွေပေး သွင်းပြီးသည့် လုပ်ငန်းရှင်များ အနေဖြင့် ဆောက်လုပ် ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာသို့ အခွန်အခများ ပေးသွင်းပြီး မြေစာရင်းပုံစံ ၁ဝ၅ ရေးဆွဲရန် နှင့် စက်မှု မြေငှားဂရန် ထုတ်ပေး နိုင်ရန် ဆောင်ရွက်ပေး သွားမည် ဖြစ်၍ လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါပုံစံ များကို ထုတ်ယူကာ ပွင့်လင်းရာသီ အမီ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

၎င်း ဟိုတယ်ဇုန် ပေါ်ထွက် လာပါက အင်းလေးဒေသ အပါအဝင် ပတ်ဝန်းကျင် ဒေသများသို့ လာရောက် လေ့လာ လည်ပတ် သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နှင့် ပြည်တွင်း ခရီးသွား ဧည့်သည်မျာ အနေဖြင့် တည်းခို နေထိုင်ရန် နေရာ အခက်အခဲ ဖြစ်ပေါ်နေမှုကို ဖြေရှင်း ပေးနိုင်မည် ဖြစ်ပြီး ပွဲတော်ရက် များတွင်လည်း ဟိုတယ်အခန်း လိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment