Pages

Tuesday, October 28, 2014

ပြည်တွင်းကုမ္ပဏီများ၏ အလုပ်သမားခေါ်ယူမှု ၆ဝ ရာခိုင်နှုန်းမှာ ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှဖြစ်


ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကိုတွေ့ရစဉ်

ရန်ကုန် ၊ ၂၈-၁၀-၂၀၁၄

ပြည်တွင်းရှိ စီးပွားရေး အခွင့်အလမ်းများ ပွင့်လင်း လာပြီးနောက် စီးပွားရေး လုပ်ငန်း ကုမ္ပဏီကြီး များ၏ ဝန်ထမ်း ခေါ်ယူမှုမှာ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှ စ၍ သိသိသာသာ များပြား လာကြောင်း ပြည်တွင်းရှိ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ သိရသည်။

ပြည်တွင်းရှိ ကုမ္ပဏီကြီး များမှ အလုပ်သမား ခေါ်ယူမှု အများဆုံး လုပ်ငန်းများမှာ ပြည်တွင်း ပြည်ပ ခရီးသွား လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ဖြစ်ပြီး ယင်း လုပ်ငန်းနှစ်ခုမှ အလုပ်သမား ခေါ်ယူမှုမှာ ၆ဝ ရာခိုင်နှုန်း အထိ ရှိနေကြောင်း " သွင် " အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ ဒါရိုက်တာ ဦးသွင်ထူးအောင် က ပြောသည်။

ကုမ္ပဏီကြီး များနှင့် အရောင်းဆိုင်များမှ ဝန်ထမ်းများကို ခေါ်ယူရာတွင် သတင်းစာ နှင့် ဂျာနယ်များတွင် ကြော်ငြာ ထည့်သွင်း ခေါ်ယူမှု များလည်း ရှိသကဲ့သို့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ နှင့် ချိတ်ဆက် ခေါ်ယူမှုများလည်း ရှိနေပြီး အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အလုပ်သမား ရှာပေးရာတွင် ဝန်ဆောင်ခ အနေဖြင့် ကုမ္ပဏီပိုင်ရှင် ထံမှ လစာတစ်လစာ ရယူသည့် အေဂျင်စီ များလည်း ရှိကာ အလုပ်သမား၊ အလုပ်ရှင် တို့ထံမှ လုပ်ခလစာ တစ်ဝက်စီ ရယူသည့် အေဂျင်စီများ လည်း ရှိသည်။

''ဒီနှစ်ထဲမှာ ဖုန်း အရောင်းဆိုင် တွေက အရောင်းဝန်ထမ်း ခေါ်တာ များလာတယ်။ အချို့ ဖုန်းဆိုင်တွေက ကွန်ပျူတာ သမားတွေကို ခေါ်တာလည်း ရှိတယ်။ လစာကတော့ တစ်သိန်း နှစ်သောင်း ဝန်းကျင်လောက် ပေးကြတယ်။ အဲဒါက ဒီနှစ်ထဲမှာမှ များတာ။ အရင်နှစ်တွေ ကတည်းကရော ဒီနှစ်တွေထဲ မှာပါ ဝန်ထမ်း ခေါ်ယူမှု အများဆုံးက ခရီးသွား လုပ်ငန်း ကုမ္ပဏီကြီး တွေပဲ။ ဒီကုမ္ပဏီတွေ ရဲ့ ဝန်ထမ်းခေါ် ယူမှုက ၃၅ ရာခိုင်နှုန်း အထိကို ရှိနေတာ။ နောက်တစ်ခုက ဆောက်လုပ်ရေး လုပ်ငန်း တွေပေါ့။ အဲဒီက အင်ဂျင်နီယာ တွေခေါ်တယ်။ စာရင်းကိုင်တွေ ခေါ်တယ်။ ဂိုဒေါင်စောင့် တွေခေါ်တယ်။ လုံခြုံရေးတွေ ခေါ်တယ်။ လစာကတော့ အစားစားပေါ့'' ဟု ၄င်းက ဆက်လက် ပြောသည်။

ပြည်တွင်း ပြည်ပ ခရီးသွား လုပ်ငန်းများ မှ ဝန်ထမ်း ခေါ်ယူမှုတွင် အမျိုးသမီး ဝန်ထမ်းများကို အများဆုံး ခေါ်ယူနေပြီး ဆောက်လုပ်ရေး ကုမ္ပဏီ အများစုမှာ အမျိုးသား ဝန်ထမ်းများကို အများဆုံး ခေါ်ယူလျက် ရှိကြောင်း သိရသည်။ 

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment