ပေကျင်း ၊ ၂၁-၁၀-၂၀၁၃
တရုတ်နိုင်ငံ သည် နောက်ပြန် ပစ်ခတ်
နိုင်သည့် ဒုံးကျည် တပ်ဆင် ထားသော Su-35 တိုက်လေယာဉ် ကို ရုရှားနိုင်ငံမှ ဝယ်ယူရန်
ဆုံးဖြတ် ခဲ့ကြောင်း အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဗိုလ်မှူးကြီး
Wu Guohui က ပြောကြား ခဲ့သည်ဟု အောက်တိုဘာ ၂ဝ ရက် ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။
ရုရှားနိုင်ငံထုတ် R-73 M-2 နှင့်
R-74 ME ဒုံးကျည်များ ၊ အမေရိကန် နိုင်ငံထုတ် AIM-9X ဒုံးကျည်နှင့် တရုတ်နိုင်ငံ ထုတ်
PL-10 ဒုံးကျည် အားလုံးသည် မိမိလေယာဉ်၏ နောက်ဘက်ရှိ ရန်သူ့ လေယာဉ်ကို ပစ်ခတ်နိုင်သည့်
စွမ်းပကားများ ရှိကြောင်း သိရသည်။ Su-35 တိုက်လေယာဉ် ရှိ ဒုံးကျည်၏ အာရုံခံ ကိရိယာသည်
ဒုံးပျံအင်ဂျင် အပေါ်တွင် တည်ရှိပြီး တည်ငြိမ်မှု ရှိစေရန် ဒလက်များ တပ်ဆင် ထားကြောင်း
ဒုံးကျည် ပစ်ခတ်ပြီး သည်နှင့် နောက်ဘက်သို့ ဦးတည် ပျံသန်း သွားကြောင်း သိရသည်။
အဆိုပါ နောက်ပြန် ပစ်ခတ်နိုင်သော ဒုံးကျည်များ
ပေါ်ထွက် လာခြင်းသည် လေကြောင်း စစ်ပွဲဆိုင်ရာ အယူအဆ များကို ပြောင်းလဲ စေခဲ့ကြောင်း
၊ ပုံမှန် တိုက်လေယာဉ် တစ်စင်းသည် ရန်သူ့ လေယာဉ်ကို အနောက်မှသာ ပစ်ခတ် နိုင်ကြောင်းနှင့်
Su-35 ကို မောင်းနှင်သည့် လေယာဉ်မှူး၏ ဦးထုပ်၌ နောက်ကြည့် မြင်ကွင်း စနစ် ပါရှိသောကြောင့်
အနာဂတ် ကာလများတွင် တိုက်လေယာဉ်မှူး များသည် အရှေ့ဘက်မှ နေ၍ နောက်ပိုင်းရှိ ပစ်မှတ်အား
တိုက်ခိုက် နိုင်မည် ဖြစ်ကြောင်း Wu Guohui က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment