နွားထိုးကြီး ၊ ၂၇-၁၀-၂၀၁၃
နွားထိုးကြီး မြို့နယ် ဘူးကိုင်း ကျေးရွာအုပ်စု
ရှိ ကြာကန်ချောင်း ရေတိုက်စား၍ နှစ်ဖက် ကမ်းပါးများ နှစ်စဉ် ပြိုပျက် နေသည်ကို ထိန်းသိန်းမှု
မပြုလုပ်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ ထပ်ဆင့် ဖြစ်ပေါ် လာနိုင်ကြောင်း ဒေသခံများ ၏
ပြောပြချက် အရ သိရသည်။
ယခုအခါ နှစ်စဉ် မိုးရေတိုက်စား သဖြင့်
ကမ်းဘေး နှစ်ဖက် တစ်စထက် တစ်စ ပြိုကျပျက်စီး ခဲ့ရသည်။ သို့ဖြစ်၍ ကမ်းဘေး တစ်ဖက် တစ်ချက်မှ
ယာမြေများ ပြိုကျပျက်စီး ခဲ့ရသည်။ ထို့ပြင် ယခင် ချောင်းရိုး ရေမတိုက်စားမီ အချိန်က
ချောင်းရေဖြင့် လယ်မြေ ဧကများ စပါးစိုက်ပျိုး နိုင်ခဲ့ကြ သော်လည်း ယခုအခါ ချောင်းနက်
သွားသဖြင့် ချောင်းရေကို သုံးစွဲ၍ မရသောကြောင့် ၁၉၇၃ ခုနှစ် နောက်ပိုင်းမှ စ၍ ကြာကန်
- ဘူကိုင်း - မင်းရွာ တို့တွင် စပါး စိုက်ပျိုးရန် ခက်ခဲ သွားသဖြင့်
လယ်မြေများကို အခြား သီးနှံများ စိုက်ပျိုး နေရကြောင်း ဘူးကိုင်း ကျေးရွာမှ တောင်သူ
တစ်ဦးက ပြောပြသည်။
ထို့ကြောင့် ကြာကန်ချောင်း ရေတိုက်စားမှု
(ပုံ)ကို ထိန်းသိမ်း ပေးရန် လိုကြောင်း နှင့် နောက် ၁ဝ စုနှစ်အတွင်း ဘူးကိုင်းကျေးရွာ
ပတ်ဝန်းကျင် တွင် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်ကြောင်း ဒေသခံ တစ်ဦး၏
ပြောပြချက် အရ သိရှိရသည်။

No comments:
Post a Comment