ပြင်ဦးလွင်မြို့ AARM Village စစ်ရေးပြကွင်း ၌
ကမ္ဘောဒီးယား နိုင်ငံ အလံတင် အခမ်းအနား ကျင်းပစဉ်
ပြင်ဦးလွင် ၊ ၂၁-၁၀-၂၀၁၃
ယမန်နေ့ နံနက် ၁၁ နာရီတွင် ၂၃ ကြိမ်မြောက်
အာဆီယံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည့် ပြင်ဦးလွင်မြို့
ရှိ AARM Village စစ်ရေးပြကွင်း ၌ ကမ္ဘောဒီးယား နိုင်ငံ အလံတင် အခမ်းအနား ကျင်းပ ပြုလုပ်ကာ
အဆိုပါ နိုင်ငံအလံအား လွှင့်တင် ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ AARM Village စစ်ရေးပြကွင်း ၌
ဘရူနိုင်းနိုင်ငံ အလံတင် အခမ်းအနား ကျင်းပစဉ်
အလားတူ ညနေ ၃ နာရီတွင် ဘရူနိုင်းနိုင်ငံ
အလံတင် အခမ်းအနား အား ကျင်းပ ပြုလုပ်၍ အဆိုပါ နိုင်ငံအလံ အား လွှင့်တင်ခဲ့သည်။ အလံတင်
အခမ်းအနား သို့ မြန်မာ့ တပ်မတော် အရာရှိ ကြီးများ ၊ ကမ္ဘောဒီးယား နိုင်ငံ တပ်မတော် သေနတ်ပစ်
အသင်းနှင့် ဘရူနိုင်းနိုင်ငံ တပ်မတော် သေနတ်ပစ် အသင်းတို့ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
(၁၀၀)


No comments:
Post a Comment