Pages

Friday, May 17, 2013

ကုန်သေတ္တာတင်ယာဉ် ၃၂၀ ခန့် ရပ်နားနိုင်သည့် ယာဉ်ရပ်နားစခန်း (အလုံ) ကမ်းနားလမ်း လမ်းမသစ်ပေါ်တွင် တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး



ရန်ကုန် ၊ ၁၇-၅-၂၀၁၃

ကမ်းနားလမ်း ၊ လမ်းမသစ်ကြီး ပေါ်တွင် တည်ဆောက်လျက် ရှိသည့် ကုန်သေတ္တာတင် ယာဉ်ရပ်နား စခန်း (အလုံ) တည်ဆောက်ရေး လုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ခန့် ပြီးစီး နေပြီ ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်း /တံတား ) အင်ဂျင်နီယာ ဌာနမှ သိရသည်။

အဆိုပါ ယာဉ်ရပ်နား စခန်းမှာ ကမ်းနားလမ်း လမ်းမသစ်ကြီး ပေါ်တွင် တည်ရှိကာ အကျယ်အ၀န်း ၁၀ ဒသမ ၅၆၅ ဧက ကျယ်ဝန်းကြောင်း လည်း သိရသည်။ ယာဉ်ရပ်နား စခန်းမှာ ကွန်ကရစ် နှစ်လွှာ ကြမ်းခင်း အမျိုးအစား ဖြစ်ပြီး ယာဉ်ရပ်နား စခန်း ပတ်လည်တွင် ရေစီးရေလာ ကောင်းမွန် စေရေး အတွက် ရေမြောင်းများ ထည့်သွင်း တည်ဆောက် ထားကြောင်း သိရသည်။ " (အလုံ) ကုန်သေတ္တာတင် ယာဉ်ရပ်နား စခန်းသည် အရင်တုန်း က မြန်မာ့ သစ်လုပ်ငန်း ၏ သစ်လုံး စိမ်ကန် နေရာတွေ ဖြစ်တဲ့အတွက် အကြို အင်ဂျင်နီယာ လုပ်ငန်းမှာ သဲဖြည့်ကာ မြေညှိတာတွေ ဆောင်ခဲ့ ခဲ့ပါတယ် ၊ စတင် ခဲ့တာကတော့ ၂၀၁၂ ခုနှစ် ဧပြီလက ဆိုတော့ အခုဆိုရင် တစ်နှစ် ကျော်ကျော် တော့ ရှိပါပြီ ၊ ပြီးစီးမှု ကတော့ ၇၅ ရာခိုင်နှုန်း လောက်တော့ ရောက်နေ ပါပြီ ၊ ကုန်စည် စီးဆင်းမှုတွေ ကောင်းမွန် လာတာနဲ့ အမျှ ကုန်သေတ္တာ ယာဉ်ကြီး တွေရဲ့ အစီးရေ တိုးတက် များပြား လာသလို ဒီယာဉ်ကြီး တွေအတွက် ရပ်တန့် နားနေ နိုင်မယ့် စခန်းတွေ လိုအပ် လာပါတယ် ၊ အထူးသဖြင့် နောက်တွဲ အရှည်ပါတဲ့ ကုန်သေတ္တာ ယာဉ်ကြီးတွေ ကမ်းနားလမ်း ဟောင်းတစ်လေဆာက် ဆိပ်ကမ်းနဲ့ နီးတဲ့ နယ်မြေတွေမှာ အဆင်ပြေ သလို ရပ်နား နေကြတဲ့ အတွက် ယာဉ်ကြော ပိတ်ဆို့မှု တွေ ဖြစ်လာ ရပါတယ် ၊ ဒီအတွက် ကုန်သေတ္တာတင် ယာဉ်ရပ်နား စခန်းကို တည်ဆောက် ခဲ့တာ ဖြစ်ပါတယ် .... " ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ လမ်း / တံတား အင်ဂျင်နီယာ ဒုတိယ ဌာနမှူး က ပြောသည်။

ရန်ကုန်မြို့တော် တွင် ကြည့်မြင်တိုင် မြို့နယ် ၊ ထီးတန်း ဆိပ်ကမ်းမှ စတင်ကာ ဗိုလ်တထောင် မြို့နယ်ရှိ ဆိပ်ကမ်း နေရာများ အထိ ကမ်းနားလမ်း လမ်းဟောင်း တစ်လျှောက်တွင် ကုန်သေတ္တာ ယာဉ်များ အဆင်ပြေ သလို ရပ်တန့် နေမှုများ ရှိခဲ့ပြီး ထိုယာဉ် ကြီးများကြောင့် လမ်းကြော ပိတ်ဆို့မှုများ ဖြစ်ပေါ် ခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment