Social Icons

Pages

Wednesday, May 15, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် လိမ္မော်ရောင်အဆင့်သတ်မှတ်



နေပြည်တော် ၊ ၁၅-၅-၂၀၁၃

ယနေ့ည ၉ နာရီခွဲ အချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်း တွင် ဖြစ်ပေါ် နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ( MAHASEN ) သည် မြန်မာနိုင်ငံ ၊ စစ်တွေ မြို့၏ အနောက် တောင်ဘက် မိုင် ၄၉၀ ခန့် ၊ ကျောက်ဖြူမြို့ ၏ အနောက် တောင်ဘက် မိုင် ၅၀၀ ခန့် ၊ ပုသိမ်မြို့၏ အနောက် တောင်ဘက် မိုင် ၅၀၀ ခန့် ၊ အိန္ဒိယ နိုင်ငံ ( ဗီဇာကာ ပတ္တနမ်မြို့ )၏ အရှေ့တောင်ဘက် မိုင် ၂၅၀ ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြု နေသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း သည် အရှေ့မြောက် ဘက်သို့ ဆက်လက် ရွှေ့လျား မည်ဟု ခန့်မှန်း ရသည်။ မုန်တိုင်း ဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်း မှာ မိုင် ၆၀ အထိ တိုက်ခတ် နိုင်သည်။

ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး ၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ် မှ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်း ကျစဉ် ရေပြင် - မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်မည် ဖြစ်သည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေ မှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ( ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း ) နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေ ဒေသများ ဆီသို့ ဦးတည် ရွေ့လျား နေသည့် အခြေအနေ ဖြစ်သည်။ နောက်ဆုံး တိုင်းထွာ ရရှိသော ခန့်မှန်ချက် များအရ မေလ ၁၆ ရက် ညပိုင်းခန့်တွင် မြန်မာနိုင်ငံ ( ရခိုင်  ကမ်းရိုးတန်း မြောက်ပိုင်း ) ကမ်းခြေ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေ ဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်းရသည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး ၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က အကြံပြု ထားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...