Pages

Friday, May 17, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းသို့ ၀င်ရောက်တိုက်ခတ် ၁၂ ဦးသေဆုံး



လန်ဒန် ၊ ၁၇-၅-၂၀၁၃

အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း မဟာစင် သည် ဘင်္ဂလားဒေ့ရှ် ဒေသသို့ ၀င်ရောက် တိုက်ခိုက်မှု ကြောင့် ဒေသခံ ၁၂ ဦး သေဆုံးပြီး နေအိမ် သောင်းနှင့်ချီ၍ ပျက်စီးကာ လူပေါင်း တစ်သန်း ခန့်မှာ ၄င်းတို့၏ အရပ်ဒေသ အား စွန့်ခွာ ထွက်ပြေး ခဲ့ရကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းသို့ မေလ ၁၆ ရက်တွင် ၀င်ရောက် တိုက်ခိုက်ခဲ့ရာ မိုးသည်းထန်စွာ ရွာသန်းပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၆၀ နှုန်းခန့် ရှိကြောင်း သိရသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ကြောင့် ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ နှင့် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ ပြည်သူပေါင်း ၈ ဒသမ ၂ သန်းခန့်မှ အတိဒုက္ခများ နှင့် ရင်ဆိုင် ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ က အစောပိုင်းတွင် သတိပေးချက် ထုတ်ပြန် ထားခဲ့သည်။ အိန္ဒိယနိုင်ငံ ရှိ ပြည်နယ် အများစု တွင်လည်း မုန်တိုင်း သတိပေးချက် များ ထုတ်ပြန် ခဲ့ပြီး ဒေသခံ ပြည်သူများ အနေဖြင့် ဆိုးရွားလှသော ရာသီဥတု ကို အန်တု ရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင် မှုများ ဆောင်ရွက် ထားကြရန် တိုက်တွန်း နှိုးဆော် ခဲ့ကြောင်း သိရသည်။ မိုးလေ၀သ ခန့်မှန်းသူ ပညာရှင် များ၏ အဆိုအရ အဆိုပါ မုန်တိုင်း သည် မေလ ၁၆ ရက် မှ စ၍ ၂၄ နာရီ အတွင်း အားပျော့ ပျက်ပြယ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment