Social Icons

Pages

Monday, December 10, 2018

ခရီးသွား ဧည့်သည် ဝင်ရောက်မှု များပြားလာသည့် ဇလုံတောင် ခရီးစဉ်ဖွင့်ပွဲ ယခုလအတွင်း ပြုလုပ်မည်

ခရီးသွား ဧည့်သည် ဝင်ရောက်မှု များပြားလာသည့် ဇလုံတောင် ခရီးစဉ်ဖွင့်ပွဲ ယခုလအတွင်း ပြုလုပ်မည်
-
ဗန်းမောက် ဒီဇင်ဘာ ၉
-
ယခုနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု များပြားလာသည့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ဇလုံတောင်ခရီး စဉ်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်း ခရီးသွား လုပ်ငန်း ရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းလှိုင်ထံမှ သိရသည်။ ဇလုံတောင်ခရီးစဉ်ဖွင့်ပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး၌ သက်ဆိုင်ရာမှ ခရီးသွားပွဲတော် ပြုလုပ်မည့်နေ့တွင် တစ်ပါတည်း ပြုလုပ်မည် ဖြစ်ပြီး ဖွင့်ပွဲသို့လာရောက်သူများအတွက် မော်တော်ယာဉ်အစီးရေ ၁ဝဝ ဖြင့် အကြို အပို့ပြုလုပ် ပေး မည်ဖြစ်ကြောင်း သိရသည်။
-
''အစိုးရက ခရီးသွားပွဲတော်လုပ်ရင်းနဲ့ ဇလုံတောင်ခရီးစဉ်ကို တစ်ခါတည်းဖွင့်ပွဲ လုပ်မယ်။ ခရီးသွားဧည့် သည် ဝင်ရောက်မှု များလာတာနဲ့အမျှ ဇလုံတောင်ခရီးစဉ်ကိုလည်း ကျိုက်ထီးရိုးတောင်ဘုရားဖူးလို တက်ရောက်နိုင်အောင် ပြုလုပ်မှာပါ။ ဇလုံ တောင်ကတော့ နေရာအသစ်ပါပဲ။ သွားစရာ လာစရာအသစ် တွေ လည်းရှိပြီး ထူးဆန်းတာ တွေလည်းရှိပါတယ်'' ဟု ဦးကျော်မင်းလှိုင်ကပြောသည်။ ဇလုံတောင်ခရီးစဉ်သည် အင်းတော်ကြီး၊ အလောင်းတော်ကဿပ စသည့်ခရီးစဉ်များ သွားရောက်လျှင် တစ်ဆက်တည်း ဝင်ရောက် နိုင်သည့်အတွက် စနေ၊ တနင်္ဂနွေနှင့် တခြားသော ရုံးပိတ်ရက်တို့တွင် တစ်ရက်လျှင် ယာဉ်အစီးရေ ၁ဝဝ ကျော် ဝင်ရောက်လေ့ရှိကြောင်း သိရသည်။
-
ဇလုံတောင်သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းကတူး၊ ကနန်း၊ ရှမ်းနီ စသည့် တိုင်းရင်းသားများ နေထိုင်ရာဒေသ၊ မန္တလေးမှ အင်းတော်ကားလမ်း ၂၁၆ မိုင်၊ အင်းတော်-ဗန်းမောက် ၂၈ မိုင်၊ ဗန်းမောက်-ဇလုံတောင် ၁၅ မိုင် ၆ ဖာလုံခန့်၌တည်ရှိကြောင်း သိရသည်။ 
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...