Social Icons

Pages

Tuesday, May 22, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် The Carter Center ၏ အမှုဆောင်အရာ ရှိချုပ်၊ အငြိမ်းစားသံအမတ်ကြီး Mrs. Mary Ann peters ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် The Carter Center ၏ အမှုဆောင်အရာရှိချုပ်၊ အငြိမ်းစားသံအမတ်ကြီး Mrs. Mary Ann peters အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၂-၅-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် The Carter Center ၏အမှုဆောင် အရာရှိချုပ်၊ အငြိမ်းစားသံအမတ်ကြီး Mrs. Mary Ann peters ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး The Carter Center ၏ အမှုဆောင် အရာရှိချုပ်နှင့်အတူ ညွှန်ကြားရေးမှူး Mr. Jonathan Stonestreet နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ ထာဝရငြိမ်းချမ်း ရေးရရှိရန်လိုအပ်မှု အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် အတွက်အစိုးရနှင့် တပ်မတော်မှ ဆောင်ရွက် နေမှုအခြေအနေများနှင့် The Carter Center မှကူညီဆောင်ရွက် ပေးနိုင်မည့် အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် The Carter Center ၏အမှုဆောင်အရာရှိချုပ် အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...