Social Icons

Pages

Thursday, May 17, 2018

လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ လေယာဉ်ပျံသန်းခြင်းနှင့် လေယာဉ်ထုတ်လုပ် ပြင်ဆင်မှုများကို လေ့လာ


လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ တွေ့ရစဉ်။

နေပြည်တော် ၁၇-၅-၂ဝ၁၈

ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးရှိ လေတပ်စခန်း ဌာနချုပ်များ၌ ဖွင့်လှစ်သင်ကြား လျက်ရှိသည့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) သို့တက်ရောက်နေသည့် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများ အနက် ဦးရေ ၅၅ဝသည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး အခြားသင်တန်းသား၊ သင်တန်းသူဦးရေ ၈ဝ၊ အုပ်ချုပ်သူအရာရှိနှင့် ဆရာ၊ ဆရာမများပါဝင်သော လေ့လာရေးအဖွဲ့သည် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်၌ လေယာဉ်ဖြင့် လက်တွေ့လိုက်ပါ စီးနင်းလေ့လာခဲ့ကြသည်။

သင်တန်းသား၊ သင်တန်းသူများသည် သယ်ယူပို့ဆောင်ရေး လေယာဉ်များ ဖြစ်ကြသည့် Beech-1900 D လေယာဉ်ဖြင့် လည်းကောင်း၊ ATR-42 500 လေယာဉ်ဖြင့် လည်းကောင်း အဖွဲ့နှစ်ဖွဲ့ခွဲ၍ လက်တွေ့လိုက်ပါ စီးနင်း ကြပြီး လေယာဉ်ပျံသန်း စီးနင်းရာတွင် လိုက်နာရမည့် အချက်များနှင့် လေကြောင်း ဆိုင်ရာအတွေ့အကြုံများကို တာဝန်ရှိသူများက လေယာဉ်ပေါ်၌ ရှင်းလင်းပြသ ခဲ့ကြသည်။

အလားတူ လေကြောင်း လူငယ်တန်းမြင့် သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးသည် အုပ်ချုပ်သူအရာရှိ၊ ဆရာ၊ ဆရာမများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီတပ်နယ်ရှိ လေတပ်ဆွယ် (မှော်ဘီ) တွင် Mi-17 ရဟတ်ယာဉ်ကို လေ့လာ ခဲ့ကြသည်။

ထို့ပြင် နေ့လယ်ပိုင်း၌ လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူ နည်းပြများ ပါဝင်သော ၆၃၃ဦး တို့သည် မင်္ဂလာဒုံတပ်နယ်ရှိ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...