Social Icons

Pages

Tuesday, May 15, 2018

ရန်ကုန်မြို့၌ ချန်ပီယံကာကွယ် ပွဲနှစ်ပွဲကို အောင်လအန်ဆန် ယှဉ်ပြိုင်မည်



ရန်ကုန် ၁၅-၅-၂ဝ၁၈

MMA ပြိုင်ပွဲ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲနှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲများကို ရန်ကုန်မြို့၌ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်၏ အဆိုပါချန်ပီယံ ကာကွယ်ပွဲနှစ်ပွဲကို ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရန် One Championship Hit Calender ၌ ထုတ်ပြန်ခဲ့ပြီး ကျင်းပမည့်ရက်များကို သတင်းထုတ်ပြန် ခဲ့သည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရမည် ဖြစ်ပြီးမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် ပြိုင်ဘက်ကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် ပြိုင်ဘက်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲနှစ်ပွဲအတွက် အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်၌ လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိသည်။ အောင်လအန်ဆန်သည် လက်ရှိ MMA ကစားသမားများအနက် ဝိတ်တန်းနှစ်ခု၌ ချန်ပီယံဆုရသည့် ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်း ဝင်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...