Social Icons

Pages

Thursday, October 19, 2017

မောင်တောမြို့၌ ငွေကျပ်သိန်းပေါင်း ၂ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၁၉-၁၀-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၅) ရပ်ကွက်အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၇ ရက် ညနေ ၅နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးဆောင်ရွက်စဉ် ၎င်းရပ်ကွက်ရှိ လမ်းမပေါ်၌ ဝေသာလီရွာနေ ယာဉ်မောင်း ညီညီ (ဘ) အဖြူသီး မောင်းနှင်လာသော ယာဉ်အမှတ်၊ SHN 4M/----- ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်၏ရှေ့ခန်း၌ အဖြူရောင်ဆာလာအိတ် နှစ်အိတ်အတွင်းမှ မှိုင်းခံစက္ကူဖြင့် ထုပ်ပိုးထားသည့် တစ်ထုပ်လျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၉၇၅ဝစီပါ အထုပ် ၅ဝ၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇၅ဝဝ (ကာလတန်ဖိုးငွေကျပ် သိန်း ၉၇ဝဝကျော်) ကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယနေ့နံနက် ၁ဝနာရီ မိနစ် ၂ဝခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မောင်တောမြို့ဝင် တံတားလုံခြုံရေးဂိတ်၌ မော်တော်ယာဉ်များကို စစ်ဆေးစဉ် Nissan အမျိုးအစား ယာဉ်အမှတ်၊ YGN 5L/----- ကို စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးသွားခဲ့ပြီး ယာဉ်နောက်ခန်းအတွင်း အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် ဆာလာအိတ် လေးအိတ်အတွင်းမှ မှိုင်းခံစက္ကူဖြင့် ထုပ်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား၉၇၅ဝစီပါ ၉၈ထုပ်၊ စုစုပေါင်း ဆေးပြား ၉၅၅၅ဝဝ (ကာလတန်ဖိုး ငွေကျပ် သိန်း ၁၉၁၁ဝကျော်) တို့ကို ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ရသေ့တောင်မြို့နယ်၊ ဂွဆုံကျေးရွာနေ ဦးစံထွန်း (ဘ) ဦးသတင်းအောင်နှင့် စစ်တွေမြို့နေ ဦးလှမောင် (ဘ) ဦးမောင်လှစိန်တို့ နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိသူများကို မောင်တောမြို့မရဲစခန်းမှ တရားဥပဒေအရ အရေးယူနိုင်ရေးအမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...