Social Icons

Pages

Monday, September 18, 2017

မြန်မာနိုင်ငံအတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေ



နေပြည်တော် ၁၈-၉-၂၀၁၇

မြန်မာနိုင်ငံအတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းတာဝန်ကြီး (၈) ရပ်ချမှတ်ဆောင်ရွက် နေသည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနသတင်းများအရ သိရသည်။

ထိုသို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဘယ်လ်ဂျီယံနိုင်ငံ H SEB nv Engineering Co.,Ltd နှင့်ပူးပေါင်း၍ ဧရာဝတီမြစ်ပြုပြင် ထိန်းသိမ်းခြင်းနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်ဘက်စုံ သုံးတာတမံနိမ့်များ တည်ဆောက်နိုင်ရေး ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်း၊ နယ်သာလန်နိုင်ငံနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ရေအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံစီမံခန့်ခွဲရေး လုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်း၊ ကိုရီးယားသမ္မတနိုင်ငံ ISAN Cooperation နှင့်ပူးပေါင်း၍ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံ Constructionpolicy Bureau, Ministry of Land, Infrastructure and Teansport နှင့်ပူးပေါင်း၍ ဧရာဝတီမြစ် အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသ ရေအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပင်မစီမံချက် ဆိုင်ရာလေ့လာခြင်းလုပ်ငန်း၊ ကိုရီးယားသမ္မတနိုင်ငံ ISAN Cooperation နှင့်ပူးပေါင်း၍ ဧရာဝတီမြစ်အထက်ပိုင်း မန္တလေးမြို့အနီး ဧရာဝတီမြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာခြင်းလုပ်ငန်း၊ ChengFong Construction Service Company နှင့်ပူးပေါင်း၍ ပဲခူးမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ် မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်း၊ ကမ္ဘာဘဏ်နှင့်ပူးပေါင်း၍ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း၊Stockholm Environment Institute-Asia နှင့် ပူးပေါင်း၍ ချင်းတွင်းမြစ်အောက် ပိုင်းဖွံ့ဖြိုးတိုးတက် လေ့လာခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...