Social Icons

Pages

Thursday, July 20, 2017

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် လာရောက်ကြည့်ရှုသူ များပြား



နတ်မောက် ၂၀-၇-၂၀၁၇

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ နှစ် (၇ဝ) ပြည့် အာဇာနည်နေ့တွင် ရပ်နီးရပ်ဝေးရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှု ကြကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို ယနေ့တွင် နေပြည်တော်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးကိုကိုနိုင်၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဦး ထွန်းထွန်းလွင်၊ မကွေးတိုင်းဒေသကြီး တာဝန်ခံရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးဦးစောလွင် တို့ကဦးဆောင်ပြီး မြို့မရဲစခန်း မြို့နယ်မှူးရဲမှူး သန်းချိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ပေးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ ရပ်နီးရပ်ဝေးရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်၍ ကြည့်ရှုကြရာ လာရောက်သူ ဧည့်သည်များကလည်း ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ကို နောက်ခံထား၍ အမှတ်တရဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးခဲ့ကြရာ လာရောက်ကြည့်ရှု သူဦးရေ ၁၄၄ဝ၄ ဦးကျော်ရှိရာ ယနေ့ နံနက် ၆နာရီမှ ညနေ ၅နာရီထိ ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...