Social Icons

Pages

Wednesday, July 12, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာမက်နာဂါးမြို့ရှိ Armoured Corps Centre & School သို့သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာမက်နာဂါးမြို့ရှိ Armoured Corps Centre & School အတွင်းလှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အာမက်နာဂါးမြို့သို့ရောက်ရှိစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာမက်နာဂါးမြို့ရှိ Armoured Corps Centre & School အတွင်း လှည့်လည်ကြည့်ရှုစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တာဝန်ရှိသူတစ်ဦးက Armoured Corps Centre & School တွင် သင်တန်းသားများ သင်ကြားလေ့ကျင့်မှု အခြေအနေများကို ရှင်းလင်းတင်ပြစဉ်။

နေပြည်တော် ၁၂-၇-၂၀၁၇

အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ Admiral Sunil Lanba ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၉ နာရီတွင် အာမက်ဒါဘတ်မြို့ရှိ တပ်မတော်လေဆိပ်မှ အိန္ဒိယတပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ အမှတ် (၁၁) တပ်မမှူး Maj. Gen. ANIL PURI နှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။

ယင်းနောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ပူနေးလေဆိပ်သို့ရောက်ရှိရာ အိန္ဒိယတပ်မတော်မှ ပူနေးလေတပ်စခန်းမှူး Air Commodore Surendran Singh နှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ကြသည်။

ပူနေးလေဆိပ်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘွဲ့လွန်ပညာ သင်ကြားရေးအတွက် ရောက်ရှိနေသော သင်တန်းသားများနှင့် စစ်ဘက်ပညာ သင်သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြား ကာစားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါလေဆိပ်မှတစ်ဆင့် အိန္ဒိယတပ်မတော် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ အာမက်နာဂါး မြို့သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင်ရောက်ရှိပြီး Armoured Corps Centre & School ကျောင်းအုပ်ကြီး Maj. Gen. Neeraj Kapur နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် Armoured Corps Centre & School ရှိအစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက ကျောင်း၏သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် သင်တန်းကျောင်းတွင် သင်ကြားလေ့ကျင့်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကခေတ်သစ်စစ်ပွဲတွင် အီလက်ထရောနစ်နှင့် လေကြောင်းအကဲသာမှု အရေးကြီးသကဲ့သို့ မြေပြင်တိုက်ပွဲတွင်လည်း သံချပ်ကာတပ်ဖွဲ့များ မပါဘဲအောင်မြင်မှု မရရှိနိုင်ကြောင်း၊ အိန္ဒိယတပ်မတော်၏ တိုက်စွမ်းအားမြှင့်တင်ရေး အတွက်တန်ဖိုးရှိသော ကျောင်းတစ်ကျောင်း ဖြစ်ပါကြောင်းပြောကြား၍ သိရှိလိုသည်များကို မေးမြန်းသည်။

ထို့နောက် သင်တန်းကျောင်းရှိ Armament Wing၊ Automotive Wing နှင့် School of Armoured Warfare တို့အားလိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ယင်းနောက်မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား သင်တန်းကျောင်း အရာရှိရိပ်သာတွင် ကျောင်းအုပ်ကြီးက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းမှ အရာရှိများနှင့် နေ့လယ်စာ ကို အတူတကွ သုံးဆောင်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်လက်မှတ်ရေးထိုး၍ သင်တန်းကျောင်း စစ်တီးဝိုင်းအဖွဲ့အားဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုငွေများချီးမြှင့် ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် အိန္ဒိယတပ်မတော် ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ပူနေးလေဆိပ် သို့ရောက်ရှိ ကြသည်။ ၎င်းမှတစ်ဆင့် အိန္ဒိယတပ်မတော် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ ဒေသစံတော်ချိန် ညနေ ၇ နာရီ ၁၅ မိနစ်တွင် ဗီဇာခါပတ်တနမ်မြို့ရှိ INS Dega ရေတပ်၏ လေတပ်စခန်းသို့ ရောက်ရှိခဲ့ ကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...