Social Icons

Pages

Tuesday, June 27, 2017

Transformers: The Last Knight ဇာတ်လမ်း ငါးရက်အတွင်း အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၃ သန်းကျော် ရရှိ



လော့စ်အိန်ဂျလိစ် ၂၇-၆-၂၀၁၇

ယခုနှစ် ဇွန် ၂၁ ရက်က အမေရိကန်နိုင်ငံ၌ စတင်ပြသခဲ့သည့် Transformers: The Last Knight အက်ရှင်ဇာတ်လမ်းသည် ငါးရက်အတွင်း အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၃ သန်းကျော် ရရှိခဲ့ပြီး ဇွန်လအတွင်း ပြသခဲ့သည့် ဇာတ်လမ်းများတွင် ဝင်ငွေအများဆုံး ရရှိသည့်ဇာတ်လမ်း အဖြစ်ရပ်တည် လျက်ရှိကြောင်း သိရသည်။

Transformers အက်ရှင်ဇာတ်လမ်းတွဲ၏ နောက်ဆုံးဇာတ် လမ်းဖြစ်သည့် Transformers: The Last Knight အက်ရှင်ဇာတ်လမ်းကို ဇွန် ၂၁ရက်က အမေရိကန်နိုင်ငံရှိ ရုပ်ရှင်ရုံ ၄၃၅၂ရုံ၌ ပြသခဲ့ရာ တစ်ရက်အတွင်းအမေရိကန် ဒေါ်လာ ၇၄ သန်း ကျော်ရရှိခဲ့ပြီး ငါးရက်အကြာတွင် အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၃ သန်းကျော်ထိ ရုံတင်ဝင်ငွေ ရရှိခဲ့ကာ ယခုရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၃ သန်းကျော်သည် Transformers: The Last Knight အက်ရှင်ဇာတ်လမ်းကို ရိုက်ကူးသည့် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၁၇သန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Transformers: The Last Knight အက်ရှင်ဇာတ်လမ်းသည် Transformers အက်ရှင် ဇာတ်လမ်းတွဲ၏ ငါးကားမြောက် အက်ရှင်ဇာတ်လမ်းဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် ကမ္ဘာကျော် သရုပ်ဆောင်များဖြစ်သည့်  Mark Wahlberg, Josh Duhamel, Stanley Duhamel တို့က ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...