Social Icons

Pages

Tuesday, June 27, 2017

သံစဉ်နှင့် အသံပုံစံပြောင်းလဲ သီဆိုထားသည့် သီချင်းအယ်လ်ဘမ် ထွက်ရှိမည် Hip Hop အဆိုတော် ကြက်ဖ



ရန်ကုန် ၂၇-၆-၂၀၁၇

Hip Hop အဆိုတော်ကြက်ဖက သံစဉ်နှင့် အသံအမျိုးအစား ပြောင်းလဲဖန်တီးထားသည့် သီချင်းအယ်လ်ဘမ်ကို ၂ဝ၁၈ ခုနှစ်ဇွန်လတွင် ပရိသတ်များထံ ပေးအပ်သွားမည်ဟု ပြောသည်။

''အခုမှလုပ်နေတဲ့သီချင်း သုံး၊ လေးပုဒ်ပါမယ်။ သီချင်းတွေက အခုမှ လုပ်တယ်ဆိုပေမယ့် ပြီးခဲ့တဲ့တစ်နှစ်၊ နှစ်နှစ်ဝန်းကျင်ကလုပ် ထားတာပါ။၂ဝ၁၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ် ဝန်းကျင်က သီချင်းခြောက်ပုဒ်ပါမယ်။ ကျန်တဲ့သီချင်းလေးပုဒ်က ပြီးခဲ့တဲ့ငါးနှစ် ဝန်းကျင်ကပါ''ဟု ကြက်ဖက ပြောသည်။

အဆိုတော်ကြက်ဖ အနေဖြင့် ၎င်းဖန်တီးထားသည့် သီချင်းများနှင့် ပရိသတ်အကြိုက်မှာ တစ်ထပ်တည်းကျမည်ဟု ယူဆထားခြင်းကြောင့် ယခင်ကဖန်တီးခဲ့သည့် သီချင်းများကို ပရိသတ်ထံပေးမည် မဟုတ်တော့ဘဲ သီချင်းပုံစံ ပြောင်းလဲထားခြင်း ဖြစ်သည်။

''ဂီတပုံစံချည်းပဲ ပြောင်းပစ်မှာမဟုတ်ဘူး။ အသံအမျိုးအစားကိုလည်း ပြောင်းမယ်လို့ စဉ်းစားထားတယ်။ ကျွန်တော် အရင်ကအရမ်း ပေါက်ကွဲလွယ်တယ်။ သီချင်းတွေထဲမှာ အငြိုးအတေးတွေပါတယ်။ အချစ်နဲ့ပတ်သက်ပြီး အမုန်းနဲ့ အာဃာတတွေများတယ်။ ကိုယ်တစ်ယောက်တည်း အတွက်ခံစားချက်က ပြင်းထန်နေတယ်။ အခုကျွန်တော့်ရဲ့ အခွေမှာတော့ အဲဒါတွေ မထည့်တော့ဘူး။ အရမ်းကောင်းတဲ့ သီချင်းသုံးပုဒ်တောင် ထုတ်ပစ်လိုက်တယ် ''ဟု အဆိုတော် ကြက်ဖက ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...