Social Icons

Pages

Monday, June 19, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့  ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Demodedovo လေဆိပ်သို့ရောက်ရှိစဉ်။

နေပြည်တော် ၁၉-၆-၂၀၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Army General Sergey K.Shoigu ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ ရက်နံနက် ၈ နာရီ ၃၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၂ဝ၊ မြန်မာစံတော်ချိန် ည ၁၁ နာရီ မိနစ် ၅ဝ တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကိုမြို့ရှိ Demodedovo လေဆိပ်သို့ ရောက်ရှိကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ရုရှားတပ်မတော်မှ Maj. Gen. Gal GASH ALEXANDER နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ညွန့်ဆွေနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် Metropol ဟိုတယ်သို့ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးမှ စစ်သည်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...