Social Icons

Pages

Tuesday, June 27, 2017

သက်၊ မွေး၊ ကုန်ထုတ်လုပ်ငန်း အကြိုသင်တန်းနှင့် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း ဖွင့်ပွဲပြုလုပ်


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့မှတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများနှင့် လက်သုံးကိရိယာများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုစဉ်။

နေပြည်တော် ၂၇-၆-၂၀၁၇

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့နှင့်စက်မှု ၀န်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် သက်၊ မွေး၊ ကုန်ထုတ် လုပ်ငန်းအကြို သင်တန်းအမှတ်စဉ် (၁/၂၀၁၇) နှင့်စင်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်းအမှတ်စဉ် (၄၂) တို့ ၏သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ရှိ စစ်မှုထမ်းဟောင်း လေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) ရှိ သင်တန်းခန်းမ၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ငွေသိန်း (အငြိမ်းစား)၊ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောအောင်၊ စစ်မှုထမ်းဟောင်း လေ့ကျင့်ရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စက်မှုသင်တန်းကျောင်း နည်းပြများနှင့်သင်တန်းသား စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဗဟိုအမှုဆောင် အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တို့ကသင်တန်းဖွင့် အမှာစကားများ ပြောကြားကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ သင်ထောက်ကူ ပစ္စည်းများနှင့် လက်သုံးကိရိယာများ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှု ကြသည်။

အဆိုပါသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသား စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၃၅ ဦးဖြင့် ဇူလိုင် ၂၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြေခံလျှပ်စစ် ပညာသင်ခန်းစာများ၊ အသေးစား အင်ဂျင်နှင့် လျှပ်စစ်မော်တာ ပြုပြင်ထိန်းသိမ်းခြင်း သင်ခန်းစာများကို စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...