Social Icons

Pages

Monday, June 19, 2017

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ မော်စကိုဗုဒ္ဓ၀ိဟာရဘုန်းတော်ကြီးကျောင်း၌ တတိယအကြိမ် ဒုလ္လဘရဟန်းခံအလှူမင်္ဂလာကျင်းပပြုလုပ်


သံဃာတော်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လှူဖွယ်ပစ္စည်းများလောင်းလှူစဉ်။

သံဃာတော်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေစဉ်။

သံဃာတော်များ၊ ဒုလ္လဘရဟန်းများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ စုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၁၉-၆-၂၀၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိမော်စကိုဗုဒ္ဓ၀ိဟာရ ဘုန်းတော်ကြီးကျောင်း၌ မြန်မာ့တပ်မတော်မှ ပညာတော်သင်အရာရှိများနှင့် ရုရှားနိုင်ငံမှဗုဒ္ဓ ဘာသာဝင်များ တတိယအကြိမ် ဒုလ္လဘရဟန်းခံအလှူမင်္ဂလာအခမ်းအနား ကို ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင်အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်သည်။

အဆိုပါရဟန်းခံ အလှူမင်္ဂလာ အခမ်းအနားသို့ ကျောင်းထိုင်ဆရာတော်ဒေါက်တာ အရှင်အစ္ဆရိယအမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံရုံး နှင့်စစ်သံရုံးမိသားစုများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံရောက် မြန်မာ့တပ်မတော်မှ ပညာတော်သင်အရာရှိများ၊ မော်စကိုမြို့ရှိ ဗုဒ္ဓဘာသာ ၀င်များတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သံဃာတော်များအား သိမ်ဆင်းလောင်း လှူကြသည်။ ယင်းနောက် ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားကိုးကွယ်မည့် သီတဂူရွှေစည်းခုံပုံတူ စေတီတော် တည်ဆောက်မည့် မြေနေရာနှင့် ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှု၍ ကျောင်းထိုင် ဆရာတော်ထံ ဘုန်းတော်ကြီး ကျောင်းတိုးချဲ့တည်ဆောက်နိုင်ရေး အခြေအနေများအား မေးမြန်းလျောက် ထားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆောင်တိုးချဲ့ တည်ဆောက်ရန် လိုအပ်သည်များအား ဖြည့်ဆည်းလှူဒါန်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လျောက်ထားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက်ကျောင်းထိုင် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ၎င်းနောက်ဆရာတော် ဒေါက်တာ အရှင်အစ္ဆရိယထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

အဆိုပါမော်စကိုမြို့ရှိ ဗုဒ္ဓ၀ိဟာရဘုန်းတော်ကြီး ကျောင်း၌ကျင်းပ ပြုလုပ်သည့် တတိယအကြိမ်မြောက် ဒုလ္လဘရ ဟန်းခံအလှူမင်္ဂလာ အခမ်းအနားတွင် ဒုလ္လဘရဟန်း လောင်းများဖြစ်ကြသည့် ရုရှားနိုင်ငံတွင် ပညာသင်ကြား လျက်ရှိသော တပ်မတော်မှအရာရှိ ၆ ဦး၊ ရုရှားနိုင်ငံသား ၂ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦး တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းတော်ကြီး ကျောင်းတွင် ဆံချခြင်း၊ သင်္ကန်းတောင်းခြင်း၊ သရဏဂုံသုံးပါးနှင့်ဆယ်ပါးသီလ ခံယူဆောက်တည်၍ သာမဏေရပဗ္ဗဇ္ဇမင်္ဂလာနှင့် ဥပသမ္ပဒမင်္ဂလာများ ကျင်းပပြု လုပ်ခဲ့ကြောင်းနှင့် ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင် ပညာတော်သင် အရာရှိ ၈၀ ဦးဒုလ္လဘရဟန်း ၀တ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...