Social Icons

Pages

Wednesday, June 21, 2017

သံတမန်နည်းလမ်းအရ ကြိုတင်ကာကွယ်ခြင်း၊ ဖျန်ဖြေခြင်း၊ ကြိုတင်အသိပေးခြင်းနှင့် ပတ်သက်၍ အာဆီယံဒေသဆိုင်ရာ ဖိုရမ်ဆွေးနွေး



ရန်ကုန် ၂၁-၆-၂၀၁၇

သံတမန်နည်းလမ်းအရ ကြိုတင်ကာကွယ်ခြင်း၊ ဖျန်ဖြေခြင်း၊ ကြိုတင်အသိပေးခြင်းနှင့် ပတ်သက်၍အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကာ ဇွန် ၁၉ ရက်မှ ၂၁ ရက် အထိ ရန်ကုန်မြို့ Melia ဟိုတယ်၌ ကျင်းပလျက်ရှိသည်။

ယနေ့ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဟောင်း Mr. Hassan Wirajuda၊ အာဆီယံဒေသဆိုင်ရာ ဖိုရမ်အဖွဲ့ဝင် ၂၇ နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဗဟိုဌာန (ASEAN Institute for Peace and Reconciliation) မှအုပ်ချုပ်မှု ကောင်စီအဖွဲ့ဝင်များ၊ အကြံပေး ဘုတ်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများမှ ကျွမ်းကျင်သူပညာရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူ၊ အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Francisco Fontan Pardo နှင့် အမေရိကန် သံရုံး ဒုတိယသံရုံး အကြီးအကဲ Ms.Kristen F. Bauer တို့က ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင်ဒေသတွင်း ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများကို ကြိုတင်အသိပေးခြင်းနှင့် သံတမန်နည်းအရ ကြိုတင်ကာကွယ်ခြင်း ဆိုင်ရာနည်းလမ်းများနှင့် အတွေ့အကြုံများကို ကျွမ်းကျင်သူ ပညာရှင်များက ဆွေးနွေးကြ ကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...