Social Icons

Pages

Wednesday, June 21, 2017

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ခွင့်ပြုမည့် ကုန်သေတ္တာတင် သင်္ဘောများ၏ အလျားနှင့် ရေစူးကိုထုတ်ပြန်ကြေညာမည်



ရန်ကုန် ၂၁-၆-၂၀၁၇

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်မည့် ကုန်သေတ္တာတင် သင်္ဘောများ၏ ထပ်မံခွင့်ပြုနိုင်မည့် သင်္ဘောအလျားနှင့် ရေစူးအား ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ပြီး ကုန်တင်ကုန်ချ ပြုလုပ်နေသော ကုန်သေတ္တာတင် သင်္ဘောကြီးများအနက် LOA အလျား ၁၇၅ မီတာ၊ DWT ၃ဝဝဝဝ တန်ချိန်၊ ရေစူး ၉ မီတာနှင့် ကုန်သေတ္တာ အလုံးအရေအတွက် ၁၉ဝဝ တင်ဆောင်နိုင်သော PACIFIC STAR ကုန်သေတ္တာတင် သင်္ဘောကြီးမှာ ဇွန် ၁၁ ရက်က စမ်းသပ် ဆိုက်ကပ်နိုင်ခဲ့သည်။

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် စနစ်တကျ တိုင်းထွာစစ်ဆေးမှုများကို စဉ် ဆက်မပြတ် ပြုလုပ်ခဲ့ပြီး ပထမဆုံးအနေဖြင့် မီတာ ၁၉ဝ ရှိသည့် အထွေထွေ ကုန်သေတ္တာ တင်သင်္ဘောကိုလည်း စမ်းသပ်ဆိုက်ကပ်နိုင်ခဲ့ကာ လက်ရှိတွင် ထပ်မံခွင့်ပြုပေးနိုင်မည့် အရှည်နှင့်ရေစူးအား ထုတ်ပြန်ကြေညာနိုင်ရန် စမ်းသပ်လုပ်ဆောင်နေခြင်းဖြစ်သည်။

မြန်မာ့စက်မှု ဆိပ်ကမ်းသို့ DWT ၃ဝဝဝဝ တန်ချိန်နှင့် ရေစူး ၉ မီတာရှိ ကုန်သေတ္တာတင် သင်္ဘောစမ်းသပ် ဝင်ရောက်ခဲ့မှုမှ ရရှိသည့် အတွေ့အကြုံ၊ ရေလမ်းကြောင်း အခြေအနေ၊ ရေလမ်းကြောင်း လမ်းညွှန်မှု အမှတ်အသားများ ခေတ်မီစွာ တပ်ဆင်ထားမှု အခြေအနေ၊ မစ်ကြောင်းသောင်တူးခြင်းနှင့် မြစ်ကြောင်းပြုပြင်ခြင်းများကို ပြန်လည်သုံးသပ်ဆောင်ရွက်ပြီး ထပ်မံခွင့်ပြုနိုင်မည့် အခြေအနေများကို ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အတွင်းစည်းခုံ ရေလမ်းကြောင်းအား LOA အလျား ၁၆၇ မီတာ၊ DWT ၁၅ဝဝဝ တန်ချိန်၊ ရေစူး ၉ မီတာရှိ ရေယာဉ်ကြီးများ ဝင်ရောက်နိုင်ပြီး လက်ရှိဆိပ်ကမ်းသည် ထုတ်ကုန်၊ သွင်းကုန်များကို ကိုင်တွယ်အတင်အချ လုပ်နေသည့် ဆိပ်ကမ်းဖြစ်သောကြောင့် ကုန်တန်ချိန်များများ သယ်ဆောင်နိုင်သော ပင်လယ်ကူး သင်္ဘောကြီးများဝင် ထွက်သွားလာနိုင်မှသာ သယ်ယူပို့ဆောင်ရေးစရိတ် ကုန်ကျမှု သက်သာစေမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...