Social Icons

Pages

Wednesday, January 25, 2017

UWSA“ဝ”အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှု များကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်



နေပြည်တော် ၊ ၂၅-၁-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပေါက်မြို့နှင့် ပတ်ဝန်းကျင်ေ ကျးရွာများ၌ UWSA “ဝ” အဖွဲ့က အတင်း အဓမ္မလူသစ် စုဆောင်းမှုများ ကြောင့် နေရပ် စွန့်ခွာထွက်ပြေး တိမ်းရှောင် လာခဲ့သော နမ့်တောင်းကျေးရွာ အုပ်စု၊ ရှုခါကျေးရွာနှင့် ဘူခေါကျေးရွာ တို့မှ ဒေသခံပြည်သူ မိသားစုဝင် ၁၀ ဦးတို့သည် ဇန်န၀ါရီ ၂၃ ရက် နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့သို့ ရောက်ရှိခဲ့သည်။

UWSA “ဝ” အဖွဲ့သည် ကျေးရွာများရှိ အသက် ၁၂ နှစ်အထက်ရှိသူ များအား စစ်မှုမထမ်းမနေရ အမိန့် ထုတ်ပြန် ထားကြောင်းနှင့် တိမ်းရှောင်လာသူ ဒေသခံပြည်သူ များမှာ ၎င်းတို့ စစ်မှုထမ်းရန် အလှည့်ကျ ရောက် လာသည့်အတွက် ထွက်ပြေးတိမ်းရှောင် လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူ များအား နယ်မြေခံတပ်မှ တာဝန်ရှိ သူများက ၎င်းတို့ တည်းခိုရာ နေအိမ်သို့ သွားရောက် အားပေးစကား ပြောကြားပြီး နယ်မြေခံတပ်နှင့် စေတနာရှင် ပြည်သူများက လှူဒါန်းသည့် ဆန်၊ ဆီ နှင့် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...