Social Icons

Pages

Monday, January 19, 2015

နိုင်ငံတကာ ခရီးသွားဧည့်သည်များ လေ့လာမှုများပြားသော (UNESCO Memory of The World) Logo ကျောက်စာ


(UNESCO Memory of The World) Logo


မန္တလေး ၊ ၁၉-၁-၂၀၁၅

မန္တလေးမြို့သို့ လာရောက် လည်ပတ် ကြသော နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ မှာ The world's biggest book ကို အံသြစွာ လေ့လာ မှတ်တမ်းယူလေ့ ရှိကြသည်။

ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီး ဟု ညွှန်းဆို ထားသော ကျောက်စာ များသည် မန္တလေးမြို့ မဟာလောက မာရဇိန် ကုသိုလ်တော် ဘုရား အတွင်း၌ရှိပြီး ထို စေတီတော် မြတ်ကြီးကို မြန်မာ သက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်တွင် စတင် တည်ထား ခဲ့သည်။

ထို စေတီတော် မြတ်ကြီး၏ ဘေးဘက်တွင် ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီးဟု တင်စားထား သည့် ပိဋကတ်သုံးပုံ ပါဠိတော် ကျောက်စာပေါင်း ၇၂၉ ချပ် တည်ရှိသည်။ ထို ကျောက်စာ များကို မြန်မာ သက္ကရာဇ် ၁၂၂၂ ခုနှစ် တွင် စတင် ထွင်းထုခဲ့ရာ ၁၂၃ဝ ပြည့်နှစ် တွင် ပြီးစီးခဲ့သည်။ မာတိကာ အလိုက် ပိဋကတ်သုံးပုံ ကျောက်စာများမှာ သုတ္တန် သုံးကျမ်း ကျောက်စာ အချပ် ၄၁ဝ ၊ ဝိနည်း ၅ ကျမ်း ကျောက်စာ ၁၁၁ ချပ်၊ အဘိဓမ္မာ ခုနစ်ကျမ်း ကျောက်စာ ၂ဝ၈ ချပ်၊ သမိုင်း ကျောက်စာ တစ်ချပ်အဖြစ် ရေးထိုးကမ္ပည်း တင်ထားခဲ့သည်။ ကျောက်စာ တစ်ချပ်လျှင် ဓမ္မစေတီ တစ်ဆူနှုန်းဖြင့် တည်ထားခြင်း ဖြစ်ရာ သပ္ပာယ်လွန်း လှသည်။

ယခုအခါ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး ရှိသည့် ကုသိုလ်တော် ဘုရားရှေ့ မန္တလေးနှစ် (၁၅ဝ)ပြည့် မင်းတုန်းမင်း ရုပ်တု အနီးတွင် သဘာဝ စကျင် ကျောက်တုံး ပေါ်တွင် (UNESCO Memory of The World) Logo မှတ်တမ်းစာပါ ကျောက်စာနှင့် အတူ ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကုသိုလ်တော် ဘုရား ကျောက်စာများ၊ ''နိုင်ငံတကာ စာရင်းဝင်သောနှစ် ၂ဝ၁၃ ခုနှစ် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ''ဟူသော စာတန်းပါသည့် ကျောက်စာပါ ကျောက်တုံးကြီးကို အောင်မြင်စွာ စိုက်ထူ ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ပုံစံတူ ကျောက်စာတွင် မြန်မာဘာသာဖြင့် တစ်ချပ်၊ အင်္ဂလိပ် ဘာသာဖြင့် တစ်ချပ် ရေးထိုးထားသည်။ 

မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ ကျောက်စာ မှတ်တမ်းနှစ်ချပ် ကို ကုသိုလ်တော် ဘုရားရှေ့တွင် မြင်တွေ့ နေရပြီး ကမ္ဘာလှည့် ခရီးသွားများသည် စာအုပ်ပုံ သဏ္ဌာန် မှတ်တမ်းနှင့် အတူ (UNESCO Memory of The World) Logo ကျောက်စာကို ဦးစွာ မှတ်တမ်းယူပြီး စိတ်ဝင်တစား လေ့လာလေ့ ရှိကြောင်းသိရသည်။

တိမ်တမန်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...