Social Icons

Pages

Monday, January 12, 2015

ဘိုးဘွားရိပ်သာသစ် တည်ဆောက် ပြီးစီးတော့မည် ဖြစ်သော်လည်း အစောင့်အရှောက်ခံ ဘိုးဘွားများ မရှိသေး



ပင်းတယ ၊ ၁၂-၁-၂၀၁၅

ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ ငှက်ပျောတော ကွက်သစ်ရှိ ဘိုးဘွားရိပ်သာ သို့ အစောင့်ရှောက်ခံ ဘိုးဘွားများ လာရောက် အပ်နှံရန် ကြေညာ ထားသော်လည်း မည်သူ တစ်ဦးတစ်ယောက် ထံမှ အဆက်အသွယ် မရရှိ သေးကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် လှူဒါန်းခဲ့သည့် အလှူငွေ ကျပ်သိန်း ၅ဝဝ ဖြင့် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးမှ ဦးဆောင်၍ မြို့နယ် သံဃနာယက အဖွဲ့၏ လမ်းညွှန်မှုဖြင့် အလျားပေ ၈ဝဝ၊ အနံပေ ၁၆ဝ ရှိ မြေကွက်ပေါ်တွင် (ပေ ၆ဝx ၂၄ပေ) ရှိ အဘိုး ၂၀ ဦးအတွက် ခုတင် ၂ဝ ဆံ့ တစ်ဆောင်နှင့် အဘွား ၂ဝ ဦး အတွက် ခုတင် ၂ဝ၊ စုစုပေါင်း ခုတင် ၄ဝဆံ့ အဆောင် နှစ်ခု တည်ဆောက်မှုမှာ ၉ဝ ရာခိုင်နှုန်း ကျော် ပြီးစီးပြီ ဖြစ်ရာ ရိပ်သာဖွင့်ပွဲကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

အဆိုပါ ဘိုးဘွားရိပ်သာ နှစ်ဆောင် အပြင် (ပေ၆ဝ x ပေ၃ဝ) ရှိ ဓမ္မာရုံ၊ ပေ ၂ဝ ပတ်လည်ရှိ မီးဖိုဆောင် နှင့် သောက်သုံးရေ အတွက် အဝီစိတွင်း တစ်တွင်းပါ ဖွင့်ပွဲအမီ တည်ဆောက် တူးဖော် သွားမည်ဖြစ်ပြီး အဆိုပါ ဘိုးဘွားရိပ်သာ သို့ လူမျိုး၊ဘာသာ၊ အဆင့်အတန်း မရွေး မည်သူမဆို အစောင့်ရှောက် ခံမည့် ဘိုးဘွားများကို လာရောက် အပ်နှံနိုင်ကြောင်း နှင့် ဖွင့်ပွဲ မကျင်းပမီ အတွင်း ဆက်သွယ် စာရင်းပေးသွင်း နိုင်ကြောင်းကို အများ သိစေရန် ကြေညာထား သော်လည်း ယနေ့အထိ မည်သူ တစ်ဦးတစ်ယောက် ထံမှ အဆက်အသွယ် မရရှိ သေးကြောင်း ဒေသဦးစီးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။(၁၇၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...