Social Icons

Pages

Monday, January 12, 2015

ဆိပ်ကမ်းထုတ်ယူပြီးယာဉ်များ မှတ်ပုံတင် သတ်မှတ်ရက် ကျော်လွန်ခြင်းအပေါ် ဒဏ်ကြေးကောက်ယူမှု က ကားဈေးကွက်အတွင်း ရိုက်ခတ်မှု ရှိလာနိုင်



ရန်ကုန် ၊ ၁၂-၁-၂၀၁၅

ရန်ကုန် ကားဈေးကွက် အတွင်း နံပါတ်ထုတ်ပြီး ကားများကို ဝယ်လိုအား နည်းပါးခြင်းကြောင့် ဆိပ်ကမ်း ထုတ်ယူပြီး ယာဉ်များ မှတ်ပုံတင်ရက် သတ်မှတ်ရက် ကျော်လွန်ခြင်း အပေါ် ဒဏ်ကြေးပြန်လည် စတင် ကောက်ယူမှု သည် ဈေးကွက်အတွင်း အနည်းငယ် ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း ဝါရင့် ကားဝယ် - ရောင်း အကျိုးဆောင် များက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က စတင်ကာ ဆိပ်ကမ်း ထုတ်ယူပြီး ယာဉ်များ မှတ်ပုံတင်ရက် သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ကြေး ကောက်ယူမှု ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) မှ ထုတ်ပြန် လိုက်ကြောင်း သိရသည်။ 

အဆိုပါ ဒဏ်ကြေး ကောက်ခံမှုသည် ယခင်က ကျင့်သုံးခဲ့သည့် စနစ်ဟောင်း ဖြစ်ပြီး ဆိပ်ကမ်းမှ ထုတ်ယူပြီး ခွင့်ပြု သတ်မှတ်ရက် ကျော်လွန်သည့် ရက်များ အတွက် တစ်ရက်လျှင် ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် ဒဏ်ကြေး ကောက်ယူခြင်း ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ ဒဏ်ကြေးစနစ်ဖြင့် ကောက်ခံခြင်းကို ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်သွားမည် ဖြစ်သည်။ 

ရန်ကုန် ကားဈေးကွက်၏ သဘော သဘာဝမှာ နံပါတ်ထုတ်ပြီး ကားများကို ဝယ်လိုအား နည်းပါးပြီး ဝယ်ယူသူ အများစုသည် နံပါတ် ထုတ်ထားခြင်း မရှိသော ကားများကိုသာ ဝယ်ယူကာ နောက်ဆုံးရောက် ရှိသော နံပါတ်များကို ရယူလိုခြင်း ဖြစ်သည်ဟုလည်း ဝါရင့် ဝယ် - ရောင်း တစ်ဦးကဆိုသည်။ ဒဏ်ကြေး စနစ်ပါ စည်းကမ်းချက် အရ တစ်ဦးချင်းနှင့် အိုဟောင်း ပါမစ်ဖြင့် တင်သွင်းသည့် ကားများအတွက် အကောက်ခွန် ဦးစီးဌာန၏ ဆိပ်ကမ်းက ထုတ်ယူပြီး ကြောင်း ဖော်ပြချက် ( Custom Statement ) စာရွက်စာတမ်း ပါ သတ်မှတ်ရက် ၂ဝ အတွင်းကို မူသေရက်အဖြစ် သတ်မှတ်ထားသည်။ ကားအရောင်း စင်တာများ ကိုမူ ပြခန်းတွင် ထားရှိသော ကြာမြင့်ရက် အတိုင်း ဒဏ်ကြေး ပေးဆောင် ရခြင်းမရှိဘဲ မော်တော်ယာဉ် တင်သွင်းမှု ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပေးသော ဝယ်ယူခွင့် လက်မှတ်ပါ ခုနစ်ရက် ကျော်လွန်မှသာ ဒဏ်ကြေး ငွေကျပ် ၃ဝဝဝ ပေးဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...