Social Icons

Pages

Friday, February 15, 2019

ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲ တစ်လကြာ ကျင်းပမည်

ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲ တစ်လကြာ ကျင်းပမည်
-
ငပုတော ဖေဖော်ဝါရီ  ၁၄ 
-
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော်ကိုတပို့တွဲလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂ဝ ရက်အထိ တစ်လကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 
-
ယင်းဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးခရီးသွား ပြည်သူများ အနေဖြင့်သွားလာမှုလွယ်ကူစေရန် အတွက်ရန်ကုန်မြို့  မော်တင်ဆိပ်ကမ်းနှင့် ဘုန်းကြီးလမ်းဆိပ်ကမ်းတို့မှလုံခြုံစိတ်ချရသည့် ကမ်းရိုးတန်းသွား ရေယာဉ်များ စီစဉ်ဆောင်ရွက် ပေးထားသည့်အပြင် စင်းလုံးငှား မှန်လုံမော်တော်ယာဉ်များဖြင့် စေတီတော်တည်ရှိရာ တောင်ခြေအထိ သွားလာဖူးမြော်နိုင်အောင် စီစဉ်ပေးထားသည်။
-
ဘုရားဖူးဧည့်သည်တော်များ အဆင်ပြေစွာ တည်းခိုနိုင်ရန်အတွက် ပွဲတော်ကာလအတွင်း အခမဲ့တည်းခိုဆောင်တစ်ခု စီစဉ်ပေးထားကာ ရင်ပြင်တော်ပေါ်တွင် ညအိပ်မည့်သူများ အတွက် ဖျာများကို အခမဲ့ငှားရမ်း ပေးသွားမည့် အပြင်ဟိုတယ်နှင့်တည်းခိုခန်းများတွင် တည်းခိုလိုသူ ဘုရားဖူးပြည်သူများအတွက်လည်း စေတီတော်ကြီး၏ အရပ်လေးမျက်နှာတွင် ဟိုတယ်နှင့် တည်းခိုခန်းများကိုထပ်မံဖွင့်လှစ်ပေးထားလျက်ရှသည်။ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်နိုင်ရုံသာမက ငွေတောင်ကမ်းခြေသို့ သွားရောက်ကာ အပန်းဖြေရေကူးခြင်း၊ ကမ်းခြေ၏သဘာဝအလှများကိုကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...